Friday, May 29, 2015

RCSS/SSA(ရွက်ဆစ်)အဖွဲ့မှ သီပေါမြို့တွင်ဆက်ကြေးကောက်

2015 May 26














 သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်၊ နယ်မြေ(၁၀)တွင် နေထိုင်သော ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူ ဦးစိုး ဆိုသူ၏ နေအိမ်သို့ SSA(ရွက်ဆစ်)အဖွဲ့မှ အင်အား (၃)ဦးသည် အရပ်ဝတ်များဝတ်ဆင်လျက် ဆိုင်ကယ်(၂)စီးဖြင့် မေလ ၁၉ရက်နေ့လည်တွင်ရောက်ရှိလာပြီး ပရိဘောဂလုပ်ငန်းအတွက် ဆက်ကြေးငွေ ၅ သိန်းပေးဆောင်ရန်နှင့် ပေးဆောင်နိုင်ခြင်းမရှိက ပရိဘောဂလုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုကာ ဆက်ကြေးငွေ တောင်းခံကြောင်းသိရသည်။

``ဦးစိုးက ပရိဘောဂလုပ်န်းလုပ်ငန်းလုပ်ကိုင်တဲ့အတွက် လုပ်ငန်းအခွန်တွေပေးဆောင်ရမယ်ပေါ့၊ အခွန်ခ ၅ သိန်းလို့ပြောတယ်၊ ငါးသိန်းကျတော့ ချက်ချင်းကြီးက အဆင်မပြေဘူးလေ အဲဒါကြောင့် တောင်းပန်ပြီး အခုတော့ ၃ သိန်း ဘဲလက်မှာရှိပါတယ်ပေါ့၊ အဲဒါလေးနဲ့ ကျေအေးပေးပါလို့ တောင်းပန်ပြီး ၃ သိန်းပေးခဲ့ရတယ်။ဦးစိုး အိမ်ကပြန်ထွက်သွားတော့ ကျွန်တော်တို့နယ်မြေထဲက ပရိဘောဂ လုပ်ငန်းလုပ်ကိုင်တဲ့ အခြားလုပ်ငန်းပိုင်ရှင် ၃ ဦး ဆီကလည်း တစ်ယောက်ကို ၂ သိန်းတောင်းသွားသေးတယ်´´ ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။

RCSS/SSA အဖွဲ့သည် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လှုပ်ရှားလျက်ရှိပြီး ကျေးရွာများ၌ ထိုကဲ့သို့ မကြာခဏ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်အဓမ္မစုဆောင်းခြင်း၊ လူမျိုးရေးဗန်းပြ၍ ရှမ်းဒေသခံလူထုအပေါ် စည်းရုံး သိမ်းသွင်းခြင်း၊ တရားမ၀င်မှောင်ခိုလုပ်ငန်းလုပ်ကိုင်သူများအား ချုပ်ကိုင်ခြင်းများဖြင့် လှုပ်ရှားရပ်တည်နေသော အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါသည်။

No comments:

Post a Comment