Friday, May 29, 2015

KIA အဖွဲ့မှ ကွတ်ခိုင်မြို့ပေါ်ရှိ ကားဂိတ်များတွင် ဆက်ကြေးကောက်ခံခြင်း

2015 May 22



















ယခုကာလအတွင်း မူဆယ်မြို့နှင့် မူဆယ်-မန္တလေးသွား ကားလမ်းမကြီးတစ်လျောက်တွင် ဆက်ကြေးကောက်တွင် ဆက်ကြေးကောက်ခံနေသည့် TNLA ပလောင်အဖွဲ့နှင့် KIA ကချင်အဖွဲ့တို့သည် ၄င်းတို့၏ လူနည်းစုကောင်းစားရေး အတွက် လက်နက်ကိုင်ပြီး အနိုင်ကျင့် ဗိုလ်ကျနေ သည်ကို ဒေသခံပြည်သူများသာမက စီးပွားရေး လုပ်ငန်းရှင်များပါ စိုးရိမ်သောက ရောက်နေကြပါသည်။

မေလ ၁၁ ရက်နေ့  နေ့လည် ၁၁ နာရီတွင်လည်း ကွတ်ခိုင်မြို့ ကားဝင်းအတွင်း သို့ KIA အဖွဲ့မှ အရပ်ဝတ် ၀တ်ဆင် လာသူတစ်ဦးရောက်ရှိလာပြီး စာလာပို့သည်ဟု ပြောကြားကာ  စက္ကူဗုံး ၁ လုံးအား ကားဂိတ် အတွင်း၌ ထားခဲ့သော ကြောင့် ဂိတ်ပိုင်ရှင်မှ ဂိတ်မှူးထံသို့ ပေးခဲ့ရာ ၄င်းစက္ကူ ဗူးအား ဖွင့်ဖောက်ကြည့်ရှုရာတွင် ကွတ်ခိုင်မြို့ဂိတ် အားလုံးမှ KIA သောင်းကျန်းသူ တပ်ရင်း(၉)သို့ ကားဂိတ် ၁ ဂိတ်လျင် ငွေ ၁၀ သိန်းကျပ်ပေးသွင်းရန်နှင့် မပေးသွင်းနိုင်သည့် ကားဂိတ်များအား ပစ်ခတ်သတ်ပစ်မည်ဟု ခြိမ်းခြောက်စာများ ပေးပို့ခဲ့ပါသည်။

ယခုကဲ့သို့ KIA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ပြည်သူလူထုအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသည်ကို KIA ဌာနချုပ်မှ ဂွမ်မော်က မသိချင်ယောင်ဆောင်နေသည်လား ဆိုတာတော့ စဉ်းစားစရာပင် ဖြစ်ပါသည်။

No comments:

Post a Comment