2015 Mya 18
TNLA သောင်းကျန်းသူအဖွဲ့သည် တအာင်း(ပလောင်)လူမျိုးများအား
အခြေခံထားသော လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့ဖြစ်ပါသည်။ ၄င်းသောင်းကျန်းသူအဖွဲ့သည်
ရှမ်းပြည်နယ်မြောက်ပိုင်းေ ဒသရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း စသည့်မြို့နယ် များရှိ ကျေးရွာ များတွင်
ဖြန့်ခွဲလှုပ်ရှားလျက်ရှိပါသည်။ ၄င်းသောင်းကျန်းသူအဖွဲ့ အနေဖြင့် ဒေသခံကျေးရွာများအား
ဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာ တောင်းခံခြင်း၊ အတင်းအဓ္ဓမလူသစ်စုဆောင်း ခြင်း၊ မူးယစ်ဆေးဝါးအကြောင်းပြ၍
ဒေသခံများအား နိုင်ထက်စီးနင်းပြုကျင့်ခြင်း၊ ကွတ်ခိုင်-မူဆယ် ပြည်ထောင် စုကားလမ်းမကြီးပေါ်တွင်
ဖြတ်သန်းသွားလာလျှက်ရှိသော ကားများအား ဆက်ကြေးငွေ တောင်းခံခြင်းများဖြင့် ရပ်တည်လျက်ရှိပါသည်။
၎င်းတို့အဖွဲ့ ထို့ကဲ့သို့ လုပ်ဆောင်နေခြင်းမှာ
၎င်းတို့လူမျိုးရေး၊ ၄င်းတို့ ဒေသဖွံ့ဖြိုးရေးဆိုသည်ထက် လက်နက်ကိုင်ဆောင်၍ ငွေ အလွယ်တကူရသည့်
နည်းလမ်းများကို အသုံးပြု၍ ၄င်းသောင်းကျန်းသူအဖွဲ့ သက်ဆိုးရှည်စေရန် စီးပွားရှာလျက်ရှိပြီး
မည်သည့် နိုင်ငံရေး ရည်ရွယ်ချက်မျှ မရှိဘဲ ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် ထင်ရာစိုင်းသည့်
ပုံစံကဲ့သို့ ဖြစ်နေပါသည်။
ယနေ့နံနက် ၀၇၀၀ နာရီတွင်လည်း TNLA အဖွဲ့မှ ကွတ်ခိုင်-မူဆယ် ပြည်ထောင်စု လမ်းမကြီးေ ပ်ါတွင် ဖြတ်သန်းသွားလာလျက်ရှိသည့် ကားများအား နမ့်ဖတ်ကာ ကျေးရွာအလွန် ပန်ဂျရော့ကုန်းဆင်းအနီးတွင် ယာဉ် ဘီး အရေအတွက်အလိုက် ဆက်ကြေးငွေများ ကောက်ခံလျက်ရှိပါသည်။ အလားတူ မေလ ၁၀ ရက်နေ့တွင်လည်း မူဆယ်မြို့ပေါ်ရှိ ယာဉ်လိုင်းများဖြစ်သော မြတ်မန္တလာထွန်း၊ GI ၊ ဓူဝံ နှင့် AA ယာဉ်လိုင်းများထံသို့ TNLA ပလောင် အဖွဲ့မှ နော်ဒမ်းဆိုသူမှ မေလ ၈ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူပြီး အဆိုပါယာဉ်လိုင်းများမှ ယာဉ်အရေ အတွက်အလိုက် ယာဉ်တစ်စီးလျှင် ငွေကျပ် နှစ်သိန်းနှုန်းအား ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာ ကျေးရွာအနီးသို့ လာရောက်ပေးသွင်းရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ အေပြီလ ကုန်ရက်ပိုင်းများတွင်လည်း ပြည်ထောင်စု ကားလမ်းမကြီးအား ပိတ်ဆို့ကာ လမ်းပေါ်ဖြတ်သန်းသွားလာလျှက်ရှိသော မော်တော်ယာဉ်များအား အလားတူ ဆက်ကြေး ငွေများကောက်ခံခဲ့ကြောင်း၊ ဧပြီလ ၁၉ ရက်နေ့တွင်လည်း ပန်ဂျရော့ကျေးရွာရှိ ရွာသား ၁၇ ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများရှိခဲ့ကြောင်း၊ ၄င်းဆက်ကြေးငွေကောက်ခံနေမှုများနှင့်ပတ်သက်၍လည်း TNLA အဖွဲ့မှ ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လက “ကျနော်တို့တပ်တွေ လှုပ်ရှားတဲ့နယ်မြေတွေမှာ ဆက်ကြေးကောက်ခံတာတွေရှိပါတယ်။ ကျနော်တို့က စီးပွားရေး သုံးကားတွေကိုပဲ ကောက်တာပါ။ ကားတစီးကို အနည်းဆုံး ၁ သောင်းကနေ ၅ သောင်း အထိပဲ ကောက်ပါတယ်။ အိမ်သုံးကားတွေကို မကောက်ပါဘူး။ လက်နက်နဲ့ ခြိမ်းခြောက်ပြီးမပေးရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး မကောက်ပါဘူး” စသဖြင့် မီဒီယာများမှ တစ်ဆင့် တရားဝင်ဖြစ်စေရန်ရည်ရွယ်၍ ပြောင်ကျကျဖြင့် ထုတ်ပြန်လာလျက်ရှိကြောင်း သိရသည်။
၎င်း TNLA သောင်းကျန်းသူအဖွဲ့၏ လုပ်ဆောင်ချက်များသည် လူမျိုးရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် ခေါင်းစဉ်များ အကြောင်းပြ၍ လက်နက်ကိုင်အဖွဲ့အစည်းအမည်ခံပြီး ငွေလွယ်လွယ်နဲ့ ရနိုင်သည့်လမ်းကိုလိုက်၍ စီးပွားရှာ နေသော သူပုန်အဖွဲ့အစည်း၊ ဓားပြအဖွဲ့အစည်းတစ်ခုပင် ဖြစ်ပါသည်။
ထိုကဲ့သို့
TNLA အဖွဲ့၏ သူပုန်ဆန်ဆန်သောင်းကျန်းသူအဖွဲ့အစည်း၏ လုပ်ဆောင်ချက် များကြောင့် ဒေသခံ
ပြည်သူများ၊ ယာဉ်မောင်းများ၊ မူဆယ်မြို့မှတစ်ဆင့် ကူးသန်းရောင်းဝယ်လျှက်ရှိသော
ကုန်သည်များမှာ ကြောက်လည်းကြောက်၊ ပြန်လည်မပြောရဲသော ရွံကြောက်ကြီး သကဲ့သို့
ဖြစ်ေ နကြောင်း ဒေသခံ ပလောင် လူမျိုးတစ်ဦး၏ ပြောပြချက်အရ သိရသည်။
No comments:
Post a Comment