ယခုရက်ပိုင်းအတွင်း TNLA (ပလောင်)အဖွဲ့များသည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသော ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ နှောက်ယှက်ပစ်ခတ်ခြင်းများကြောင့် ယာဉ်မောင်း ၁ ဦး နှင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေကြောင်းသိရသည်။
TNLAအဖွဲ့၏ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေထိုင်သူ ယာဉ်မောင်း ဦးစိုးမိုးတရုတ်/ဗုဒ္ဒမှာဘယ်ဘက် ချိုင်းအောက်တွင်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဦးစိုးမိုး မောင်းနှင်လာသောယာဉ်မှာ ပီးအီး အမျိုးအစား ၁၂ ဘီးယာဉ် ၂ခ/6793 ဖြစ်ကြောင်းသိရသည်။
ဒဏ်ရာရရှိသူနောက်တစ်ဦးမှာယာဉ်မောင်း အောင်ညီစိုးနှင့်အတူလိုက်ပါလာသည့်ဇနီးဖြစ်သူဒေါ်ခင်သန်းနွယ်မန္တလေးမြို့နေထိုင်သူဖြစ်ပြီး ညာတင်ပါးနှင့် ဘယ်ခါးစောင်းများသို့ လက်နက်ငယ်ကျည် ၂ ချက် ထိမှန်ခဲ့ကြောင်း သိရသည်။ လားရှိုး- မူဆယ်သွား ပြည်ထောင် စုကားလမ်းမကြီးပေါ်တွင် TNLA အဖွဲ့၏ ဆက်ကြေးကောက်ခံမှု ချောင်းမြောင်းပစ်ခတ်မှုများကြောင့် ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော ယာဉ်မောင်းများနှင့်ကုန်သည်များမှာ စိုးရိမ်မှုများစွာဖြင့် ကူးသန်းသွားလာနေရကြောင်း ယာဉ်မောင်းကို ကျော်မင်း မှပြောပါသည်။
No comments:
Post a Comment