Thursday, April 30, 2015

စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးအား TNLA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်

29 Apirl 2015


TNLA အဖွဲ့များသည် အေပြီလ၂၅ ရက်နေ့က တောင်သုံးဆယ်ကျေးရွာမှ ကျောက်ဖြူကျေးရွာသို့ ရောက်လာပြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးကျော်အေးအားလာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဒေသခံရွာသားများ၏ပြောပြချက်အရ ဦးကျော်အေးအားတပ်မတော်နှင့်ပတ်သက်သည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆိးခေါ်ဆောင်သွားကြောင်းသိရသည်။
ဖမ်းဆီးခေါ်ဆောင်စဉ်ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး TNLA အဖွဲ့ဆက်ကြေးကောက်လူသစ်စုဆောင်းမှုများအားတပ်မတော်သို့သတင်းပေးပါက မည်သူမဆို ဆွေးမျိုးမိသားစုဝင်များအားလုံးသတ်ဖြတ်ပစ်မည်ဟု ပြောဆိုပြီး အေပြီလ၂၇ ရက်နေ့တွင်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ရိုက်နှက်စစ်ဆေးမေးမြန်းမှုများကြောင့် ဦးကျော်အေး၏ မျက်နှာတွင်ဒဏ်ရာများနှင့် ပြန်လည် ရောက်ရှိလာကြောင်းသိရသည်။ ယခုကဲ့သို့TNLA အဖွဲ့၏ အကြမ်းဖက်မှုများကြောင့်ဆက်သွယ်မှု ဝေးလံ ခေါင်းပါးသော နေရာများတွင် သွားရောက်တာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်းများမှာအသက် အန္တာရာယ်ကိုပင် စိုးရိမ်နေကြကြောင်း သိရသည်။
True new

No comments:

Post a Comment