2015 April 07
SSA(၀မ်ဟိုင်း)အဖွဲ့မှ ကျောက်မဲမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ခင်ထံသို့
ဧပြီလ ၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြီး မြို့အတွင်းရှိ လုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်များ
၊ ကုန်စုံဆိုင်များ ၊ထမင်းဆိုင်များ နှင့်
မော်တော်ယာဉ်ပိုင်ရှင်များအား ၂၀၁၅ခုနှစ် အတွက် ၄င်းတို့ဝမ်ဟိုင်းအဖွဲ့တစ်နှစ်စာဆက်ကြေးငွေအ
ဖြစ် ၆ ဘီးယာဉ်တစ်စီးလျှင် ၃ သိန်းကျပ်၊ ၁၂ ဘီးယာဉ် ၁ စီးလျှင် ၆ သိန်းကျပ်၊ ၂၂ ဘီးယာဉ်
၁ စီးလျှင် ၈ သိန်းကျပ်၊ အခြားစီးပွားရေးလုပ်ကိုင်သူများအား သိန်း၃၀ ကျပ်ကောက်ခံလျှက်ရှိကြောင်း၊
၎င်းတို့အဖွဲ့ သို့ ဆက်ကြေးငွေမပေးသည့်သူများအား စာရင်းပြုစုထားရန် ဖုန်းဖြင့်ပြောကြားခဲ့ကြောင်း
ဦးအောင်ခင်ထံမှသိ ရှိရသည်။
ယခုကဲ့သို့SSA(၀မ်ဟိုင်း) အဖွဲ့များသည် မြို့ပေါ်သို့ဆက်ကြေးငွေများ
တောင်းခံမှုနှင့် ပတ်သက်၍ကျောက် မဲမြို့နေစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ
သူတို့တောင်းတာ မပေးရင် မြို့ပေါ်ကထွက်တာ နဲ့ ကားမီးရှို့၊ ပြန်ပေးဆွဲတာတွေလုပ်တော့ အချို့စီးပွားရေးသမားတွေက
ကြောက်ပြီးပေးနေရတယ်လို့ ပြော ကြားခဲ့ပါတယ်။
SSA(၀မ်ဟိုင်း)အဖွဲ့၏ ပြည်သူလူထုအပေါ်လက်နက်အားကိုးဖြင့်အနိုင်ကျင့်ဗိုလ်ကျနေသည်ကို
SSA (၀မ်ဟိုင်း)ဌာနချုပ်မှ ဦးဆေးထင်တစ်ယောက်မသိတာလား၊ သူကိုယ်တိုင်ပဲ ဆက်ကြေးငွေကောက်ခိုင်း
နေသလားဆိုတာ ကျောက်မဲနေပြည်သူလူထုကို အသိပေးလိုပါတယ်။
No comments:
Post a Comment