27 Apirl 2015
ကျောက်မဲမြို့နယ် ပဇီကျေးရွာအနီး မိုးကုတ်-ပြင်ဦးလွင်သွား ကားလမ်း မိုင်တိုင် ၄၃နဲ့ ၄၄ကြားလျိုအတွင်း ဘုန်းကြီး ၁ ပါး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့၏ အလောင်းများ အားတွေ့ရှိခဲ့ကြောင်း ပဇီကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။
တာဝန်ရှိသူနယ်မြေခံရဲများ၏ စုံစမ်းချက်အရ မတ်လ ၁၃ ရက်နေ့က 3C/1917 BOJI ကားအမျိုးအစားနှင့် ထွက်ခွာသွားသော မိုးကုတ်မြို့ ရှောလီဝိုင်းအုပ်စု၊ အောင်သာယာရပ်နေ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီတွင် Ph.d တက်ရောက်နေသည့် ဥူးဆရန္ဒလင်္ကာရနှင့် ဒကာ/ဒကာမဖြစ်သည့် ဦးကြည်မောင်(၇၁)နှစ်၊ သမီး ဒေါ်ဇာဇာနှင့် ဦးကြည်မောင်၏ ဇနီးဖြစ်သူ များဖြစ်နိုင်သည်ဟု ယူဆရကြောင်း သိရသည်။
၎င်းအလောင်းများအား ဒေသခံများမှ သယ်ဆောင်မီးသင်္ဂြုံလ်ရန် ဆန္ဒရှိသော်လည်း နယ်မြေလုံခြုံရေးအရ မ၀ံမရဲဖြစ်နေကြောင်း သိရသည်။ဘုန်းကြီးဟု ယူဆရသူမှာ ခေါင်းဖြတ် သတ်ဖြတ်ခံ ရခြင်းရဖြစ်ကြောင်းလည်း ၄င်းမှအုပ်ချုပ်ရေးမှူးမှ ပြောပါသည်။
No comments:
Post a Comment