28 Apirl 2015
အေပြီလ၂၆ရက်နေ့ကရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းမှKIAရဲ့အတင်းအဓမ္မစုဆောင်းခြင်းခံရ သူနမ့်အွန်၊တာလုံ၊ခိုမုန်းအနီးပတ်ဝန်းကျင်ကျေးရွာများမှရွာသား ၃၀ဦးအားဟိုဖျက်ရွာသို့ တုန်ဖုန်းယာဉ်ဖြင့် ပို့ဖြင့်ဆောင်စဉ်တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှကယ်တင်ပေးနိုင် ခဲ့ကြောင်းသိရသည်။
လူသစ်စုဆောင်းခံရသူများမှာ နမ့်အွန်၊ တာလုံ၊ ခိုမုန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အချိုးကျစနစ်ဖြင့် အတင်းအဓမ္မစုဆောင်းခံရသူများဖြစ်ကြောင်း၎င်းရွာသားများအား မေးမြန်းသိရှိရပါသည်။
စုဆောင်းခံရသူများမှာ ခိုမုန်းကျေးရွာမှ ၄ ဦး တာလုံရွာမှ ၂ ဦး မော်ဆောင်းရွာမှ ၄ ဦး တုံခန်းရွာမှ ၂ ဦး ကောင်းကတ်ရွာမှ ၁ ဦး နမ့်အွမ်ရွာမှ ၁၄ ဦး နမ့်ဆန်ဂိုဒေါင်ရွာမှ တစ်ဦး ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးအား
ဆက်သွယ်မေးမြန်းချက်အရသိရသည်။
အဆိုပါKIA၏လူသစ်အဖြစ်စုဆောင်းခံရသောရွာသားများအား တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲတို့မှ ကောင်းမွန်စွာထိမ်းသိမ်းစောင့်ရှောက်ထားပြီး၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ ယခုလ၂၉ရက်နေ့တွင် ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့KIA သောင်းကျန်းသူများသည် ဒေသခံတိုင်းရင်းသားများအားအတင်းအဓမ္မလူသစ်စုဆောင်းနေသောကြောင့် ကျေးရွာသို့လူငယ်များမှာ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေကြောင်းသိရသည်။
True new
No comments:
Post a Comment