Friday, April 10, 2015

သေနတ်ပစ်ဖောက်ရမ်းကားသော TNLA(ပလောင်)

2015 April 10

TNLA(ပလောင်)သောင်းကျန်းသူအဖွဲ့မှ အင်အား (၁၀)ဦးခန့်သည် ယူနီဖောင်းများဖြင့် လက်နက်ကိုယ်စီ ကိုင်ဆောင်၍ အေပြီလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲချိန်ခန့်တွင် နမ့်ဆန်မြို့နယ်၊ ဇယာန်းကြီးအုပ်စု၊ ဇယန်းပလော့ ကျေးရွာရှိ ပတ္တမြားစေတီသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ သောင်းကျန်းသူများ မြို့နှင့်နီးကပ်စွာရောက်ရှိလာပါက ဒေသခံတိုင်းရင်းသားများ ထိတ်လန့်
သွားနိုင်သောကြောင့်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးမောင်ကျော်မှ  နိုင်ငံတော်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးသည့်ကာလဖြစ်၍ မြို့ထဲသို့ ၀င်လာခြင်းမပြုလုပ်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြား ခဲ့သဖြင့်၎င်းသကသများသည်နာရီဝက်ခန့်အကြာတွင် နမ်းခေးကျေးရွာဘက်သို့ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။
 
          ထိုသို့ ပြန်လည်ထွက်ခွာသွားစဉ် ကျေနပ်မှုမရှိသောကြောင့် နတလကျောင်းအနီးရှိ စက်သုံးဆီ အရောင်းဆိုင်အနီးအရောက်တွင် သေနတ် ၃ ချက်ပစ်ဖောက်ကာရမ်းကားခဲ့ကြောင်း ဆီလာဖြည့်သူ ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။













TNLA ပလောင်အဖွဲ့သည် NCCT အဖွဲ့တွင် ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖြစ်သော်လည်း ပြီးခဲ့သည်ရက်ပိုင်းအတွင်း နိုင်ငံတော်နှင့်NCCTတို့သဘောတူလက်မှတ်ရေးထိုးခဲ့သော အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် NCA မူကြမ်းတွင် လက်မှတ်ပါဝင်ရေးထိုးထားခြင်း မရှိသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

No comments:

Post a Comment