၂၀၁၅အေ၁ရက်
KIA သောင်းကျန်းသူအဖွဲ့၊ ရင်း(၃၆)မှ တပ်ခွဲမှူးအဆင့်ရှိ ဇောင်ပေါက်
ခေါင်းဆောင်သော အင်အား ၆၀ ဦး ခန့်သည် ၂၀၁၅ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ပန်ဆိုင်မြို့နယ်၊
နမ့်ဝိန်းရွာမှ ရွာသား ၁ ဦးအားလည်းကောင်း၊ မတ်လ
၂၄ ရက်နေ့တွင် မုံးဟောင်ရွာမှ ရွာသား ၅ ဦးအားလည်းကောင်း၊ မတ်လ ၂၇ ရက်နေ့တွင်
ပန်ဖိတ်ရွာမှ ရွာသား ၄ ဦးတို့အားလည်းကောင်းဖမ်းဆီး၍
အတင်းအဓ္ဓမ လူသစ်စုဆောင်းသွားခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသော
ရွာသားများအနက် မုံးဟောင်ကျေးရွာမှ ရွာသား ၅ ဦးအား ၁ ဦးလျှင် ငွေကျပ် ၃ သိန်းနှုန်းဒဏ်ရိုက်က
ပြန်လည်စေလွှတ်ပေးခဲ့ပြီး ကျန်ရှိသည့် နမ့်ဝိန်းရွာနှင့် ပန်ဖိတ်ကျေးရွာတို့မှ ရွာသားများအား
ယနေ့အချိန်ထိ ပြန်လည်စေလွှတ်ပေးခြင်းမရှိသေးကြောင်းသိရှိရပါသည်။
KIA သောင်းကန်းသူအဖွဲ့သည်
၎င်းပတ်ဝန်းကျင်းရှိ အခြားကျေးရွာများဖြစ်သော ကောင်းဖြတ်၊ ပန်ကညာ၊ ဟိုထိုလင်၊
မုံးဟောင်၊လွယ်မွန်း၊နမ့်ဝိန်းစသည့်
ကျေးရွာများသို့ ၀င်/ထွက်လှုပ်ရှားမှုများပြုလုပ်ကာ လူသစ်စုဆောင်း ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများဆောင်ရွက်လျက်ရှိကြောင်း
ဒေသခံရွာသား တစ်ဦး၏ပြောပြချက်အရ သိရှိရပါ သည်။
KIA သောင်းကန်းသူအဖွဲ့သည်
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့်တိုက်ပွဲများတွင် အထိ အခိုက်အကျအရှုံးများပြားကာ
စစ်ရေးရှုံးနိမ့်လျက်ရှိသောကြောင့် ၄င်းတို့မကြာခဏ ၀င်/ထွက်သွားလာလှုပ်ရှား လျက်ရှိသော
ကျေးရွာများမှ ဒေသခံတိုင်းရင်းသားလူမျိုးများအား အကြောက်တရားဖြင့်ခြိမ်းခြောက်ကာ အတင်း
အဓ္ဓမလူသစ်စု၊ ဆက်ကြေးကောက်ခြင်းများပြုလုပ်လျက်ရှိသောကြောင့် ဒေသခံရွာသားများမှာ စိုးရိမ်ကြောက်ရွံ့
လျက်ရှိကြောင်းသိရှိရပါသည်။
No comments:
Post a Comment