၂၀၁၅ခုနှစ်၊မတ်လ ၂၈
ရက်နေ့က သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စု တာပုလဲကျေးရွာ သို့ SSA(၀မ်းဟိုင်း)အဖွဲ့
ဆက်ကြေးတာဝန်ခံ ဆိုသူကျောက်လှနှင့် ၅ဦးသည် လက်နက်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဦးချင်းကော်(၅၂)နှစ်၊
တာပုလဲကျေးရွာ၊ စံလူ(၃၀)နှစ် တာပုလဲကျေးရွာ၊ အိုက်စိုင်း(၁၈)နှစ် တာပုလဲကျေးရွာ ၃ ဦးတို့အား
ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှ
င့် ဦးချင်းကော်မှာ အသက်ကြီးနေပြီဖြစ်၍ သားဖြစ်သူနှစ်ဦးထဲမှ ၁ဦးဖြင့် လာရောက် လဲလှယ်ပါက ပြန်လည်စေလွတ်ပေးမည်ဟုပြောကြားခဲ့ကြောင်း လက်တလောလူဦးရေ အရေအတွက် ပြည့်မှီအောင်ခေါ်သွားရမည်ဖြစ်ကြောင်း အခြားဒေသသို့ သွားရောက်အလုပ် လုပ်နေရုံဖြင့် မိမိတို့လက်မှ မလွတ်နိုင်ကြောင်း ကျေးရွာသူကြီးကိုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:
Post a Comment