SSA(၀မ်ဟိုင်း)အဖွဲ့မှနမ္မတူမြို့နယ်အတွင်းဖမ်းဆီးစုဆောင်းထားသူ(၄၀)ဦးခန့်ကိုနားဟုတ်ကျေးရွာအနီး တောင်ကုန်းတွင်စုစည်း၍စစ်သင်တန်းပေးရန်အတွက် ၀မ်ဟိုင်းဌာနချုပ်သို့မတ်လ၂၉ရက်နေ့တွင် ထွက်ခွာသွားကြောင်း
သိရှိရပါသည်။SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ဒေသခံရွာသားများအား လုပ်ချင်သည်ဖြစ်စေ
မလုပ်ချင်သည်ဖြစ်စေအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာဝန်ထမ်းဆောင်ခိုင်းလျက်ရှိကြောင်းမိမိတို့အနေဖြင့်အလုပ်အကိုင်ပျက်ရကြောင်း၊မလိုက်လို၍ ရှောင်တိမ်းခြင်း၊ ထွက်ပြေးခြင်းများပြုလုပ်ပါကအိမ်သားများအားဒုက္ခပေးခြင်း၊လူအစားဖမ်းဆီးခေါ်ဆောင်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်းနားဟုတ်ကျေးရွာနေစိုင်းအောင်ခမ်း၏
ပြောကြားချက်အရ သိရှိရပါသည်။
No comments:
Post a Comment