၂၀၁၅ မတ် ၃
လောက်ကိုင်ဒေသ စစ်ရှောင်ဒုက္ခသည်မိသားစုများ၏
သား/သမီးများစာမေးပွဲဖြေဆိုနိုင်ရန်အတွက် ပညာရေးဝန်ကြီး ဌာနမှ ယခုကဲ့သို့ စီစဉ်ပေးလိုက်ကြောင်း
သိရှိရပါသည်။ သူငယ်တန်းမှ န၀မတန်း ကျောင်းသား/သူများအတွက် ၂၀၁၅ခုနှစ် သင်္ကြန်ပွဲတော်အပြီးနှင့် ကျောင်းမဖွင့်မီကာလအတွင်း
အတန်းဆုံး စာမေးပွဲများကို လောက်ကိုင်ဒေသတွင် သီးခြားပြန်လည်ကျင်းပပေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်
တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/သူများအတွက် ကွမ်းလုံမြို့နယ်တွင် သီးခြားစာစစ်ဌာနဖွင့်လှစ်ပေး
မည်ဖြစ်သည့်အပြင်
မိမိတို့ ရောက်ရှိရာဒေသရှိစာစစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုလို
ပါက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တရားဝင်သတင်းထုတ်ပြန်ထား
ကြောင်းသိရှိရပြီး လောက်ကိုင်ဒေသမှ စစ်ရှောင် ကျောင်းသား/သူ ၃၇၉ ဦး ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment