ဖေဖော်ဝါရီလ
၂၇ ရက်နေ့ နမ့်ခမ်းမြို့နယ် လော့ကြူကျေးရွာ နေအိမ် ၃ လုံးအား TNLA (ပလောင်)အဖွဲ့မှ
မီးရှိုးဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။ ၄င်းကျေးရွာရှိ နေအိမ်မီးရှိုးခံရသော ဦးအိုက်စံ
မှ ပြောကြာရာတွင် မနေ့က ပလောင်အဖွဲ့ ညနေ ၅
နာရီလောက် ရောက်လာပြီး မင်းတို့ ရွာကလူတွေက ငါတို့အကြောင်းသိရမယ်လို့ပြောပြီး ကျွန်တော်နေအိမ်အပါအ၀င်
အိမ် ၃ လုံးအား
မီးရှိုးခဲ့ပြီး နောက်တခါလာလို့လူသစ်မပေးနိုင်ရင်တစ်ရွာလုံးမီးရှိုးပစ်မည်ဟု
ပြောကြားပြီး ပြန်လည်ထွက်ခွာ
သွားပါတယ်။
TNLA(ပလောင်)သောင်းကျန်းသူများအနေဖြင့်ယခုကဲ့သို့ကျေးရွာများအား မကြာခဏာရောက်ရှိ ပြီး လူသစ်စု၊ဆက်ကြေးကောက်ခံခြင်းနှင့်ဆန်နှင့်အစားအသောက်များပေးရကြောင်း မပေးပါက ရွာသူကြီးအား ကြိုးတုတ်ကာဖမ်းဆီးခေါ်ဆောင်သွားပြီး၎/၅ရက်ကြာမှ ပြန်လည်လွတ်ပေးကြောင်း ဦးအိုက်စံမှ
ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment