၂၀၁၅ခုနှစ်၊ မတ်လ
၂၀ ရက်နေ့တွင် KIA တမဟ(၄)မှ မူဆယ်မြို့ရှိ အင်းဝဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာရတနာဘဏ်နှင့်
ကမ္ဘောဇဘဏ်တို့အား ဆက်ကြေးတောင်းခံစာများ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
KIA သောင်းကျန်းသူအဖွဲ့ခေါင်းဆောင်များသည် တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ရန်ကုန်မြို့၊
ငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၁၇ ရက်နေ့မှစပြီး တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့နှင့် ဆွေးနွေးပွဲများပြုလုပ်နေကြသော်လည်း
၎င်းတို့ ၏လက်အောက်ခံသောင်းကျန်းသူများမှာ ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်
ကျေးရွာများအား ဆက်ကြေးငွေများ မကြာခဏတောင်းခံနေကြောင်း မူဆယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်
တစ်ဦး၏ ပြောကြားချက် အရ သိရှိရပါသည်။
No comments:
Post a Comment