၂၀၁၅ မတ်
၅ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊လောက်ကိုင်မြို့တွင်
တိုက်ပွဲများဖြစ်ပွားမှုမရှိတော့သဖြင့် ၂၁၀၅ ခုနှစ်၊မတ်လ ၅ ရက် နေ့တွင် စက်သုံးဆီအရောင်းဆိုင်
၃ ဆိုင်၊ကုန်စုံဆိုင် ၇ ဆိုင်၊စာရေးကရိယာနှင့် လူသုံးကုန်ပစ္စည်းဆိုင် ၁ ဆိုင်၊ သစ်သီးဆိုင်
၁ ဆိုင်၊မီနီမတ်ကတ် ၁ ဆိုင်၊ လ္ဘက်ရည်ဆိုင် ၁ ဆိုင်၊ သားငါးဆိုင် ၂ ဆိုင် စုစုပေါင်း
၁၆ ဆိုင် ပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါတယ်။
``အရင်ကတော့
တိုက်ပွဲတွေဖြစ်နေလို့ပိတ်ထားပေမဲ့ အခု တိုက်ပွဲတွေမရှိတော့ဘဲ အေးချမ်းနေလို့ ကျနော်တို့
ဈေးဆိုင်တွေအေးအေးချမ်းချမ်း ပြန်ဖွင့်လို့ရပြီလေ ၊ကျနော်တို့နယ်မြေတည်ငြိမ်အေးချမ်းအောင်
လုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားတွေကို
အရမ်းပဲကျေးဇူးတင်ပါတယ်၊ သူတို့ကြောင့်သာ ကျနော်တို့ဆိုင် ဖွင့်ပြီး စီပွားရေးပြန်လုပ်လို့ရတာပါ´´လို့ ဒေသခံဆိုင်ပိုင်ရှင်
တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
လောက်ကိုင်မြို့တွင်
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဆိုင်များပိတ်ထားလျက်ရှိရာမှ ယခုကာလတွင် တည်ငြိမ် အေးချမ်းလာမှုကြောင့်
ဈေးဆိုင်များပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။
စိုင်းနေ(မူဆယ်)
No comments:
Post a Comment