Monday, March 2, 2015

ကိုးကန့်သောင်းကျန်းသူများမှ အရပ်သားများကို ၎င်းတို့ အကာအကွယ်အဖြစ်အသုံးချ

၂၀၁၅ မတ် ၃








 ၂၈.၂.၂၀၁၅ ရက်နေ့တွင် လောက်ကိုင်မြို့၏ အရှေ့မြောက်ဘက် စင်ကျိုင်းကျေးရွာသို့ စစ်ဘေး တိမ်းရှောင်မှ  ပြန်လည်ဝင်ရောက်လာသည့် ကြံခုတ်အလုပ်သမား ၁၃ ဦးအား သေနတ်ဖြင့် ငြိမ်းခြောက်၍ ကားလမ်းအတိုင်းလာခဲ့ရာ တပ်မတော်စစ်ကြောင်းအား တွေ့ရျိသဖြင့် ကိုးကန့်သောင်းကျန်းသူများမှ စတင်ပစ်ခတ်ခဲ့သဖြင့် နှစ်ဘက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်အရပ်သာ ၁၀ ဦးအား တပ်မတော်မှ ကယ်တင်နိုင်ခဲ့ပြီး သောင်းကျန်းသူများ ထွက်ပြေးရာ လမ်းကြောင်းတစ်လျောက် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်ခဲ့ ရာ သောင်းကျန်းသူများ ကျကျန်းခဲ့သည့် ဆက်သွယ်ရေးစက်၊ မိုင်းမျိုးစုံနှင့်
မူးယစ်ဆေးဝါးများသိမ်းဆည်း ရမိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
ကိုးကန့်သောင်းကျန်းသူများမှ အရပ်သားများအား ၄င်းတို့၏အကာအကွယ်အဖြစ် လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ ဆောင်ရွက်နေကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူများအဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုအား အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ပြန်လည်လွတ်မြောက်လာသူ တစ်ဦးမှ ပြောကြားချက်အရ သိရှိရပါသည်။

No comments:

Post a Comment