မူဆယ်မြိုနယ်၊ မုံးပေါ်ကျေးရွာ
ရပ်ကွက်(၂)တွင် နေထိုင်သူ အသင်းထောက်ဆရာ ဦးရခိုင်/ရခိုင်လူမျိုး(၁)ဦး အား မတ်လ ၁၉
ရက်နေ့ည ၁၁ နာရီအချိန်ခန့်တွင် ၄င်း၏နေအိမ်သို့ KIA မန်ဟာဟာ ပြည်သူစစ်အဖွဲ့က လာရောက်
ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
အိမ်နီးနာချင်းတစ်ဦး၏ ပြောဆိုချက်အရ ဦးရခိုင်သည်
တောင်ယာလုပ်ငန်းနှင့် ကြက်မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ကာ အေးဆေးစွာနေထိုင်သူ
တစ်ယောက်ဖြစ်ကြောင်း၊ KIA အဖွဲ့မှ ဦးရခိုင်၏ ဇနီးအား အခြားသူများကို အကူအညီတောင်းခံလျှင်
ခင်ပွန်းဖြစ်သူကို သတ်ပစ်မည်ဟု ခြိမ်းမြောက်ထားသဖြင့် မည်ကဲ့သို့ လုပ်ရမည်မသိဖြစ် နေကြောင်း
သိရှိရပါသည်။
No comments:
Post a Comment