Thursday, March 12, 2015

TNLA (ပလောင်)အဖွဲ့မှ အပစ်မဲ့ရွာသား ၂ ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း


၂၀၁၅ခုနှစ်၊မတ်လ ၉ ရက်နေ့ ၁၂၀၀နာရီတွင် TNLA(ပလောင်)သကသအဖွဲ့ဝင်  ၄ ဦးသည့် နမ္မတူမြို့နယ် မန်စံကျေးရွာသို့ ရောက်ရှိလာပြီး မန်စံကျေးရွာနေ ဦးစံအေးနှင့် စံခါကျေးရွာနေ ဦးအိုက်ညိုတို့ နှစ်ဦးအား သေနတ် ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးစံအေးမှာ ၄င်းနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဦးအိုက်ညိုကို လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရှိရပါသည်။
ဦးအိုက်ညို၏ပြောပြချက်အရ TNLA(ပလောင်)သောင်းကျန်းသူအဖွဲ့များမှ ၄င်းတို့အတွက် ရွာတွင် လူသစ်စု ဆောင်းပေးရန်နှင့် ဆက်ကြေး ကောက်ခံပေးရန် ပြီးခဲ့သည့်လာကစာဖြင့် အကြောင်းကြားခဲ့ကြောင်း၊ ယခုထိ သူတို့ခိုင်းသည်ကို မလုပ်ပေးသည့်အတွက် အပစ်ခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
TNLA(ပလောင်)အဖွဲ့သည် လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများတွင် ဖုန်ကြားရှင်အား စစ်ကူပေး တိုက်ခိုက်ပြီး အကျအရှုံးများသောကြောင့် ယခုရက်ပိုင်းတွင် ပလောင်ကျေးရွာရှိ လူငယ်များအား အတင်းအဓ္ဓမဖမ်းဆီး၍ လူသစ်စုဆောင်းနေကြောင်း မန်စံကျေးရွာနေဒေသခံ တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။


 

No comments:

Post a Comment