Tuesday, March 24, 2015

TNLA (ပလောင်)အဖွဲ့မှ လားရှိုး-မူဆယ် လမ်းပေါ်ရှိ ခရီးသည်ယာဉ်များ ပစ်ခတ်တားဆီး



၂၀၁၅မတ်လ၂၂ရက်နေ့၉နာရီချိန်ခန့်တွင်မူဆယ်မှလားရှိုးသို့ မောင်းနှင်လာသည့် ရှမ်းညီနောင်ကားဂိတ်မှ ယာဉ်မောင်း ဝေဖြိုးအောင် မောင်းနှင်လာသည့် EE-5324ADဗင်ကားအားနမ်ဖတ်ကာမြို့နယ်၊ပန်ကိုင်ရွာအထွက်တွင်TNLA(ပလောင်)အဖွဲ့မှ သောင်းကျန်းသူ၎ဦးသည်ဆက်ကြေးငွေကောက်ခံရန်အတွက် မော်တော် ယာဉ်အား တားဆီးခဲ့ရာ မရပ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ယာဉ်မောင်း ဝေဖြိုးအောင် ၏ ညာဘက် လက်မောင်းတွင် သေနတ်ဒဏ်ရာ ၁ချက်ရရှိခဲ့ပြီး
ယာဉ်မောင်းမှ ခရီးသည် ၂ ဦးနှင့်အတူ ကားအား ဆက်လက်မောင်းနှင်ထွက်ပြေးခဲ့ရာ ၁၁နာရီ ခွဲခန့်တွင် ကွတ်ခိုင်မြို့သို့ရောက်ရှိခဲ့ပြီး တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
မော်တော်ယာဉ်တွင် ပါလာသော ခရီးသည် ဦးဝင်းအောင်၏ပြောကြားချက်အရ ပန်ကိုင်ရွာအထွက်တွင် TNLA (ပလောင်)သောင်းကျန်းသူအဖွဲ့မှ ကျွန်တော်တို့ ကားကို တားတယ်၊ ကားသမားက ရပ်ပေးလို့မရဘူး ကားရပ် လိုက်ရင် လူသစ်အဖြစ် စုဆောင်းခံရမှာလို့ ပြောတယ်၊ ကားပေါ်မှာ ၀ပ်နေလိုက်၊ ကျွန်တော် ကြည်မောင်းလိုက်မယ် လို့ပြောပြီး ခဏအကြာတွင် ၄င်းတို့ဘက်မှ သေနတ်ပစ်သံ ၁၀ ချက်လောက်ကြားလိုက်ရတယ်။ ကားသမားကို ထိသွားပြီး ကွတ်ခိုင်ရောက်အောင် ကားကိုထိန်းမောင်းပြီး ကွတ်ခိုင် တပ်ဆေးရုံသို့ ရောက်ရှိခဲ့ပါ တယ်။
ယခုရက်ပိုင်းတွင်TNLA သောင်းကျန်းသူများသည်လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများကို လက်နက်အားကိုးဖြင့် မကြာခဏ ပြုလုပ်လာသည့်အတွက် ပြည်သူလူထု ခရီးသွားလာရေးတို့တွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း မူဆယ်မြို့နှင့် မန္တလေးသို့ အရောင်း အ၀ယ်ပြုလုပ်နေသူ ကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment