၂၀၁၅ခုနှစ်
မတ်လ ၁၇ ရက်နေ့တွင် မန်တုံမြို့နယ်၊ လွယ်ပလန်းကျေးရွာ၌ TNLA(ပလောင်)သောင်းကျန်းသူအဖွဲ့မှ
တာဟိုပလန်း ဦးစီးသည့် အဖွဲ့သည်ပတ်ဝန်းကျင်ကျေးရွာများရှိရွာသူ/ရွာသားများအား ခေါ်ယူ၍အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။အစည်းအဝေးသို့တက်ရောက်သေ ကျေးရွာအုပ်ချုပ်ရေးမှူးမှ
ကျွန်တော်ရွာကလူငယ်တွေဒီလမကုန်ခင်လူသစ်နောက်ထပ်၂၀ဦးပေးရမယ်လို့ပြောတယ်။တချို့လူငယ်တွေကသူတို့အဖွဲ့ထဲကိုဝင်ရောက်ရမှာကြောက်လို့
တချို့ဆိုရင်ဘုန်းကြီးတွေဝတ်နေတယ်။ရွာကထွက်သွားတဲလူငယ်တွေလည်းရှိတယ်။ဒီနေ့အစည်းအဝေးမှာတော့မဖြစ်မနေပေးရမယ်။
ဘုန်းကြီးဝတ်လည်းထွက်ခိုင်းလို့
ပြောကြား ခဲ့ပါတယ်။
TNLA
(ပလောင်)သောင်းကျန်းသူများသည် လောက်ကိုင်ဒေသတိုက်ပွဲများတွင် ၄င်းတို့ရဲဘော်ရဲဘက်များ
စေလွတ် ထားရပြီး တိုက်ပွဲတွင် ဒဏ်ရာရ /သေဆုံးသည်များ များပြားလာသည့်အတွက် ပလောင်တိုင်းရင်းသားလူငယ်များမှာ
နေရပ်ကိုစွန့်ခွာ၍ ထွက်ပြေးသူများ များပြားလာသောကြောင့် ၄င်းတို့၏ မိသားစု စားဝတ်နေရေး
မှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရှိရပ်သည်။
No comments:
Post a Comment