တရုတ်တပ်များ နမ့်ဆန်မြို့သို့ ရဟတ်ယာဉ်/ကားများဖြင့် ချီတက်လာပုံ
မိန်းတိန်မြို့၊ နမ့်ဖူဆွမ်းလမ်းရှိ
ကွင်းပြင်တွင် အမြောက်တပ်များ နေရာချထားပုံ
မိန်းတိန်မြို့၏အနောက်ဘက် ရာဘာစိုက်ခင်းတွင်
တရုတ်တပ်များ တပ်ဖြန့်ခွဲထားရှိပုံ
တရုတ်တပ်များ နမ့်ဆန်မြို့သို့
ရဟတ်ယာဉ်/ကားများဖြင့် ချီတက်လာပုံ
လောက်ကိုင်ဒေသစစ်ပွဲများတွင်ကိုးကန့်သောင်းကျန်းသူများနှင့်မြန်မာတပ်မတော်တို့အပြန်အလှန် တိုက်ပွဲများဖြစ်ပွားချိန်တွင်တရုတ်နိုင်ငံအတွင်းသို့အမြောက်ကျည်ဆံကျရောက်ပေါက်ကွဲသည်ဟု တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က တဖက်သတ် စွပ်စွဲပြောဆိုလိုက်ပြီးနောက်ပိုင်းတွင်တရုတ်နိုင်ငံမှလက်ရှိ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နှစ်နိုင်ငံနယ်စပ်မျဉ်းတစ်လျှောက်တွင်
၎င်းတို့တပ်များ ဖြန့်ခွဲချထားကြောင်း သိရှိရပါ သည်။
တရုတ်အစိုးရမှကိုးကန့်သောင်းကျန်းသူများအားထောက်ပံ့ကူညီခြင်းမရှိသည်ဟု ငြင်းဆိုထားသော်လည်း နှစ်ဘက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်တွင်
ထိခိုက်ဒဏ်ရာရရှိသော ကိုးကန့်သောင်းကျန်းသူများအား တရုတ်နိုင်ငံ၊ နမ့်ဆန်မြို့တွင်
တရားဝင် ဆေးကုသပေးနေကြောင်းသိရှိရသဖြင့် တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီခြင်း မရှိသည်ဟု
ပြောကြားထားသည့်အချက်မှာ ယုံမှားသံသယရှိလာပါတယ်။ယခုကဲ့သို့နယ်စပ်မျဉ်းတစ်လျှောက်တွင်တရုတ်တပ်များ ဖြန့်ခွဲထားရှိမှုမှာ ကိုးကန့်သောင်းကျန်းသူများအား နောက်ကွယ်မှ လက်နက်အင်အားများ
ထပ်မံ ဖြည့်တင်းပေးနေသလား ဆိုတာကတော့ စောင့်ကြည့်ရအုံးမည်ဖြစ်ပါသည်။
စိုင်းနေလင်း(မူဆယ်)
No comments:
Post a Comment