2015 April 08
TNLA
(ပလောင်)သောင်းကျန်းသူအဖွဲ့မှ အင်အား ၇ ဦးသည် လက်နက်ကိုယ်စီကိုင်ဆောင်လျက် ဆိုင်ကယ်
(၄)စီးဖြင့် ၂၀၁၅ ခုနှစ် အေပြီလ ၈ ရက်နေ့ နံနက် ၂ နာရီခန့်တွင် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု၊
အီနိုင်း ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သူ ဦးတူးနန်းအား ဖမ်းဆီး၍ လွယ်တောက်ကျေးရွာအုပ်စု၊ ကုန်းဘောင်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
အလားတူ
၎င်းဘုန်းဘောင်းကျေးရွာတွင်လည်း ကချင်အမျိုးသား(၂)ဦးနှင့် ရှမ်းအမျိုးသား(၂)ဦးတို့အား
ထပ်မံ ဖမ်းဆီး၍ နမ္မတူမြို့နယ်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ရွာသားများအနက်မှ ဦးတူးနန်းသည် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်သည်ဟု အီနိုင်းကျေးရွာသား
တစ်ဦးက ဆိုသည်။
TNLA
(ပလောင်) အဖွဲ့သည် ထိုကဲ့သို့ ဒေသခံရွာသားများအား မကြာခဏဖမ်းဆီးခေါ်ဆောင်လေ့ရှိသလို
တစ်ခါတစ်ရံတွင်လည်း မူးယစ်ဆေးဝါးအကြောင်းပြ၍၄င်းတို့အဖွဲ့အတွက်လူသစ်များ စုဆောင်းလျက် ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မိုးကုတ်မြို့နယ်၊မိုင်းလုံမြို့နယ်ခွဲအတွင်းရှိ
ပြင်ဦးလွင်-မိုးကုတ်ကားလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသောလိုင်းကားများအားတားဆီး၍
ဆက်ကြေး ကောက်ခံခဲ့ကြောင်း သိရသည်။
No comments:
Post a Comment