23 Apirl 2015
MNDAA အဖွဲ့အတွင်း ခေါင်းဆောင်ပိုင်းနေရာယူထားသူများမှာ ဖုန်ကြားရှင် မိသားစုဝင်များနှင့် ဆွေမျိုး အသိုင်းအ၀ိုင်းများဖြစ်ပြီး တပ်သားများမှာ အများအားဖြင့် အတင်းအဓမ္မ စုဆောင်းခံရသူများသာ ဖြစ်ကြောင်း သိရသည်။
MNDAA သောင်းကျန်းသူများ၏ လစာနှုန်းထားမှာ ယွမ် ၁၅၀သာ ရရှိကြပြီး ရိက္ခာထောက်ပံ့ပေးမှုများမှာမပြည့်စုံသောကြောင့်လက်နက်ချအလင်းဝင်ရောက်သူများထဲတွင်တပ်ခွဲအဆင့်များပင်ပါဝင်ကြောင်းသိရသည်။
MNDAA နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားမှုများအနက် ကြွယ်ပါး၊ နမ့်ကော်၊ စီကော်လျှံ တိုက်ပွဲများတွင်MNDAA မှ အရာရှိ ၂ ဦး အခြားအဆင့် ၁၈၀ ဦး သေကြေခဲ့ပါတယ်။ဒါ့အပြင် တရုတ်ကြေးစားစစ်သားများထဲမှ အရာရှိ ၂ ဦး စစ်သည် ၄၀ ဦး သေဆုံးခဲ့သည့် နောက်ပိုင်းတွင် တရုတ်ကြေးစားစစ်သားများ ထပ်မံ ထည့်သွင်း အသုံးပြုခြင်း မရှိကြောင်းသိရသည်။
စီကောလျှံတိုက်ပွဲတွင်တပ်ခွဲမှူးအဆင့်ရှိ ရောင်ရှောက်ချိန်ဦးဆောင်သောအဖွဲ့မှ၄၂ဦးလက်နက်ကြီးထိမှန်သေဆုံးပြီးဖုန်ခွင်ဦးဆောင်သောအဖွဲ့မှ၃၅ဦး သေဆုံးကြောင်းသိရသည်။ကိုးကန့်တိုက်ပွဲတွင်ပါဝင်သောတရုတ်လူမျိုးများမှာစစ်မှုမထမ်းမနေရစနစ်အရထမ်းဝန်ထမ်းဆောင်သူများအားယွမ်10000 ဖြင့် ငှားရမ်းအသုံးပြုခဲ့ပြီးကျဆုံးမှုများပြားခြင်းစရိတ်ကုန်ကျမှုများခြင်းကြောင့်ထည့် သွင်းအသုံးပြု မရှိတော့ကြောင်း
လည်းသိရသည်။
တိုင်းရင်းလက်နက်ကိုင်အဖွဲ့များဖြစ်သော KIA မှ အင်အား ၅၀ ကျော်နှင့် တန့်ယန်းဘက်ရှိ SSA(၀မ်ဟိုင်း)အဖွဲ့မှ ၃၀၀ ကျော် ပါဝင်ခဲ့ပြီး SSA (၀မ်ဟိုင်း)အဖွဲ့မှ ဒုတပ်မဟာမှူးအဆင့်ရှိသူ တစ်ဦးကျဆုံးခဲ့သည်ဟု ကိုးကန့်အဖွဲ့မှ ထွက်ပြေးတိမ်းရှောင်လာသူ တစ်ဦး၏ ပြောပြချက်အရသိရသည်။
ကိုးကန့်အဖွဲ့တွင် ဆေးဝါးကုသပေးသည့်ဆရာဝန်များမှာလည်း တရုတ် ဆေးတပ်မှ စစ်မှုထမ်းဟောင်းဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ပြီးတော့ အသုံးပြုတဲ့ လက်နက်တွေမှာ လက်နက်ငယ်တော်တော်များက UWSA က ထုတ်တဲ့ လက်နက်တွေ ဖြစ်ပြီး လက်နက်ကြီးတွေကတော့ တရုတ်နိုင်ငံထုတ်လက်နက်တွေဖြစ်တယ်။
ကိုးကန့်အဖွဲ့တွေတပ်စွဲ နေရာယူထားတဲ့ စန်တာ့အိုက်ရှန် ဒေသရှိ ကုန်းများအနက် ပွိုင့်ကုန်း ၁ တွင် တရုတ်လူမျိုး လီရှင်ဟွာ နှင့် ပွိုင့်ကုန်း ၂ တွင် လွေရှင်ဟွာတို့က ခေါင်းဆောင် နေရာယူထားကြောင်း အတွင်းသတင်းများအရ သိရသည်။
MNDAA ကိုးကန့်သောင်းကျန်းသူအဖွဲ့များတိုက်ခိုက်မှုများအား ပြည်ပမှ ကူညီဆောင်ရွက်နေမှုများရှိသလို တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သော UWSA KIA SSA(၀မ်ဟိုင်း) အဖွဲ့များ မှ လည်း ပြောက်ကျား ယူနီဖောင်းများပြောင်းလဲ ၀တ်ဆင်၍ အသွင်ပြောင်း ပူပေါင်းပါဝင်ခဲ့ကြောင်း ကို့ကန့်အဖွဲ့ဝင် တစ်ဦး၏ ပြောပြချက် အရသိရသည်။
MNDAA အဖွဲ့၏ အတင်းအဓမ္မစုဆောင်းခံရသူတစ်ဦး
No comments:
Post a Comment