2015 April 02
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ၂၀၁၅ ခုနှစ်၊
အေပြီလ ၁ ရက်နေ့ညနေ ၅ နာရီခွဲ တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် အရပ်သား ၂ ဦးရောက်ရှိ လာကာ ဆေးကုသမှု ခံယူခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ လူနာ (၂)ဦးမှာ မူဆယ်မြို့တွင် နေထိုင်သူများဖြစ်ကြသော
ဦးကျော်မိုးနှင့် ဦးထွန်းရှိန်တို့ဖြစ်ကြပြီး ၄င်း တို့၏ လက်ဖ၀ါး၊ လက်ဖျံရိုး၊ ခြေသလုံး၊
ဒူး စသည့်နေရာအနှံ့အပြားတွင် မိုင်းစများ ထိမှန် ဒဏ်ရာရရှိခဲ့ကြ ကြောင်း ယခု လက်ရှိတွင်
မူဆယ်ပြည်သူဆေးရုံတွင် ဆေးကုသမှု ခံယူလက်ရှိပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်စရာ မရှိတော့ ကြောင်း
တာဝန်ကျ ဆရာဝန် တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
လူနာ(၂)ဦး၏ ပြောပြချက်အရ ၄င်းတို့ (၂)ဦးသည် အခင်းဖြစ်ပွားသည့်နေ ညနေ ၄ နာရီခွဲခန့်တွင်
ဦးကျော်မိုး မောင်းနှင်းသော မတ်တူး(အဖြူရောင်)ယာဉ်ဖြင့် ဦးထွန်းရှိန်လိုက်ပါလျက်
ကြူကုတ်မြို့နယ်ခွဲမှ မူဆယ် မြို့သို့ ကားလမ်းအတိုင်း
မောင်းနှင်လာစဉ် လုံခန်ရွာအနီး တောစပ်၌ ကားအား ခေတ္တရပ်၍ ဦးထွန်းရှိန်မှ ကားလမ်း ဘေးသို့အပေါ့သွားရောက်စဉ်
KIAသောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွား၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး
ပေါက်ကွဲမှုကြောင့် ယာဉ်၏၀ဲဘက်ခြမ်း ပျက်စီးသွားကြောင်း သိရှိရပါသည်။
၎င်းဒေသတစ်ဝိုက်တွင် KIA အဖွဲ့များသည် ယခုကဲ့သို့
မိုင်းထောင်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိသော ကြောင့် ဒေသခံရွာသားအချို့မှာမိုင်းနင်းမိ၍ဆေးရုံ၊ ဆေးခန်းများရောက်ရခြင်းများ ရှိသလိုအချို့မှာ ဒဏ်ရာ ပြင်းထန်၍ အသက်ဆုံးရှုံးရသူများလည်းရှိကြောင်းမူဆယ်ဆေးရုံမှ ဆရာဝန်တစ်ဦး၏ပြောပြချက်အရသိရှိရသည်။
No comments:
Post a Comment