2015 April 12
ရှမ်းပြည်နယ်မြောက်ပိုင်း
ကျောက်မဲမြို့နယ် မွေတော်ကျေးရွာသို့ RCSS/SSA အဖွဲ့၊ ရင်း(၆၁၇)မှ စိုင်းထွန်းအောင်
ခေါင်းဆောင်သော အင်အား ၁၀ ဦးခန့်သည် ပြောက်ကျားဝတ်ဆုံများဖြင့် လက်နက်များကိုင်ဆောင်ကာ အေပြီလ ၆ ရက်နေ့ ညနေတွင် ရောက်ရှိလာခဲ့ပြီး မွေတော်ကျေးရွာအပါအ၀င်
အနီးပတ်ဝန်းကျင်ရွာများမှ အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိရပ်ဖများ စသည် လူ ၅၀ ဦးခန့်အား
ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင်
စိုင်းထွန်းအောင်မှ၎င်းတို့အဖွဲ့၌လူနည်းပါလာသည့်အတွက် အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း
မဖြစ်မနေတစ်ရွာလျင် ၃ ဦးအား ကျေးရွာအုပ်ချုပ်မှူးများမှ တာဝန်ယူကာ နောင်ပိန်ကျေးရွာနှင့်
ပုံဝိုးကျေးရွာကြားရှိ တောထဲသို့ လာရောက်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း နှင့် ဌာနဆိုင်ရာများသို့
သတင်းပေးပါက နှုတ်ပိတ် ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
ဒေသခံရွာသားတစ်ဦးမှ
`` ၆ ရက်နေ့ ညနေပိုင်းလောက်က ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ကျွန်တော့် တောင်ယာတဲရဲ့
ညာဘက်ကကွင်းထဲကို ရောက်လာတယ်။ ၈ ယောက်လောက် ထင်တယ်။ သေနတ် တွေတော့ပါတယ်။ ခဏလောက်နေတော့
ရွာကအုပ်ချုပ်ရေးမှူးနဲ့ အခြားရွာသားအချို့ထပ်ရောက်လာတယ်. လူ ၂၀ ၀န်းကျင်လောက်ရှိမယ်ထင်တယ်။
ပြီးတော့ ရှမ်းအဖွဲ့ထဲက တစ်ယောက်က ခေါင်းဆောင်ထင်တယ် ရှမ်းလို အော်ဟစ် ကြိမ်းမောင်းနေတာကြားတယ်။
သိပ်တော့မကြာပါဘူး..နာရီဝက်တော့ရှိတယ်.ပြီးတော့ သူတို့လာလမ်း အတိုင်း တောထဲကို ပြန်ဝင် သွားတယ်´´
ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍
မွေတော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သည် ၄င်းကျေးရွာမှ စုဆောင်းရရှိသည့် လူသစ်ရွာသား
၃ ဦးအား ၄င်းနှင့်အတူ အဖော် ၁ ယောက်လိုက်ပါလျက် ဆိုင်ကယ် ၂ စီးဖြင့် RCSS/SSA အဖွဲ့မှ
ချိန်းဆိုထားသော နေရာသို့ ပို့ဆောင်ရန် အေပြီ ၁၀ ရက်နေ့ ညနေတွင် ရွာမှ ထွက်ခွာသွားရာ
ယနေ့ထိ ပြန်မရောက်လာသေးကြောင်း မွေတော်ရွာသား စိုင်းအာကာ ၏ ပြောပြချက်အရ သိရသည်။
No comments:
Post a Comment