Sunday, February 1, 2015

လူသစ်စုဆောင်းမပေးနိုင်ပါက ကျေးရွာရှိ အရွယ်အားလုံးကို ဖမ်းဆီးမည် ဟု TNLA အဖွှဲ့ ခြိမ်းခြောက်


၂၀၁၅ ဇန် ၃၁ 

 
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် TNLA (ပလောင်)အဖွှဲ့မှဒုတိယဗိုလ်မှူးကြီး စန်ညိုနှင့် အဖွဲ့ဝင် ၁ ဦးသည် နမ့်ဆန်မြို့နယ် ၊နမ့်လင်ကျေးရွာ သို့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦး နှင့်တွေ့ဆုံကာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်း တွင် ကျေးရွာမှ လူသစ် အင်အား ၈၀ ဦး စုဆောင်းပေးရန်နှင့် ဆောင်ရွက်ခြင်းမရှိပါက ၄င်းတို့ကိုယ်တိုင် ထပ်မံလာရောက်ပြီးယခုလို အသိပေး  တောင်းဆိုခြင်း မပြုတော့ဘဲ ၄င်းတို့အစီအစဉ်ဖြင့် ကျေးရွာအတွင်းရှိ လူကြီး/လူငယ်(ကျား/မ) မရွေး တာဝန် ထမ်းဆောင်နိုင် သည့်အရွယ်အားလုံးကို သတ်မှတ်သည့်အင်အားအတိုင်း
ရရှိရေးဖမ်းဆီး ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။
TNLA (ပလောင်)အဖွဲ့အနေဖြင့် ၄င်းတို့စုဆောင်းရရှိသူများအနက် အထက်ပါကျေးရွာမှ စုဆောင်းရရှိ သူများသည် ထွက်ပြေးသူများပြား သဖြင့် ပြစ်ဒဏ်ပေးသည့်အနေဖြင့် လူသစ် ၈၀ ဦး ထပ်မံလာရောက်တောင်းခံခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ယခုလိုပြောပါသည်။
`` သူတို့အဖွဲ့က ကျနော်တို့ရွာနဲ့ အနီးဝန်းကျင်ရွာတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြောင်းပြ ချက်နဲ့ ရောက်လာပြီး အတင်းလူသစ်စုသွားကြတယ် ၊ရွာသားတွေက ကိုယ့်မိသားစုနဲ့ ကိုယ်ဆိုတော့ ဘယ်သူမှ မလိုက်ချင်ကြဘူး မလိုက်ရင်အရွယ်မရွေး ညှင်းပန်းနှိပ် စက်နေတော့ ကြောက်ပြီးလိုက်သွားကြရတယ် ၊သူတို့ အဖွဲ့ထဲရောက်တော့ သူတို့စိတ်ထဲရှိသလို ခိုင်းနေတော့ လစ်ရင်ထွက်ပြေးကြတာပေါ့ ၊ တချို့ဆို ထွက်ပြေးပြီး စိတ်နာလို့ရွာကိုတောင်ပြန်မလာကြတော့ဘူး၊နောက်ဆုံတော့သူတို့အဖွဲ့က ရွာကိုဘဲပြဿနာလာရှာတာလေ``  ဟု ပြောပါသည်။
TNLA (ပလောင်)အဖွဲ့သည် ယခုကဲ့ သို့ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခြိမ်းခြောက်ပြောဆိုပြီးလူသစ် စုဆောင်းခြင်းကို အကြိမ်ပေါင်း များစွာ ပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်ကြောက်ရွံ့လျှက်ရှိကြောင်း သတင်းရရှိပါသည်။

စိုင်းမင်း(နမ့်ဆန်)

No comments:

Post a Comment