Wednesday, February 25, 2015

တိုင်းရင်းသား သစ္စာဖောက် TNLA တအာင်းတပ်မတော်မှ ဗိုလ်ကြီး တာပန်လ

၂၀၁၅ ဖေ ၂၅















အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း TNLA တအာင်းတပ်မတော် နိုင်ငံခြားရေးဌာနမှ ဗိုလ်ကြီး တာဘန်လက TNLA တအာင်းတပ်မတော်အနေဖြင့် ကိုးကန့်အဖွဲ့နဲ့မြန်မာ့တပ်မတော် တိုက်ပွဲ ဖြစ်နေချိန်မှာ ကိုးကန့် အဖွဲ့ ဘက်ကကူပြီး တိုက်ခိုက်ပေးနေတယ်လို့ VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အတိအလင်းပြောကြားခဲ့ပါတယ်၊ ဗိုလ်ကြီး တာဘန်လ ပြောကြားခဲ့သလို တအာင်း တပ်မတော်အနေနဲ့ ကိုးကန့်အဖွဲ့တွေကိုကူပြီး တိုက်ခိုက် ပေးတဲ့ဖြစ်ရပ်တွေရှိနေပါတယ်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် သိန်းနီ-နမ့်ဆလပ်ကြားမှာတစ်ကြိမ်
နှောက်ယှက် ပစ်ခတ်ခြင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကျောက်မဲမြို့နယ် ချောင်းချောက်ရွာအနီးမှာ စစ်ကူပေးဖို့သွားတဲ့ တပ်မတော် ယာဉ်တန်းကို ရီမုမိုင်းခွဲပြီး စောင့်ကြိုတိုက်ခိုက်ခြင်း တစ်ကြိမ်၊ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကွတ်ခိုင်မြို့နယ်၊ မုံးယုလေးလမ်းခွဲမှာ နှစ်ကြိမ် စောင့်ကြို ပစ်ခတ်ခြင်း၊ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မိုင်းငေါ့မြို့နယ်ဘက်မှာ တစ်ကြိမ်၊ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ တာမိုးညဲ အထွက်မှာစောင့်ကြိုတိုက်ခိုက်ခြင်းတစ်ကြိမ်၊ ကိုးကန့် အဖွဲ့နဲ့ တပ်မတော် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ကိုးကန့်အဖွဲ့ဘက်က စုစုပေါင်း ၆ ကြိမ်ကူညီပေးခဲ့တာ တွေ့ရှိရပါတယ်။

TNLA တအာင်းတပ်မတော်အနေနဲ့အထက်ပါလုပ်ရပ်တွေကိုကြည့်ရင် ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ကို အဖေခေါ်ပြီး မြန်မာ့မြေပေါ်က တိုင်းရင်းသားတွေကို သစ္စာဖောက်တယ်ဆိုတာ သိသာ လွန်းပါတယ်၊ နိုင်ငံတော်ရဲ့အချုပ်အခြာကိုထိပါးလာတဲ့ ကိုးကန့်အဖွဲ့ကို မတားမြစ်တဲ့အပြင် ကူညီပြီးတိုက်ခိုက်တဲ့  TNLA တအာင်း တပ်မတော်ရဲ့လုပ်ရပ်ဟာ တိုင်းရင်းသား တစ်ရပ်လုံးအတွက် ရင်လေးစရာပါလို့ မြင်မိပါတယ်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြန်မာ့မြေကိုထိပါးလာတဲ့ ကိုးကန့်အဖွဲ့တွေကို တိုက်ခိုက်ဖို့ တပ်မတော်ဘက်က ကူညီရန် တောင်းဆိုနေချိန်မှာ TNLA တအာင်း တပ်မတော် အနေနဲ့ ဆက်ပြီး ကူညီတိုက်ခိုက်နေမယ်ဆိုရင် သစ္စာဖောက်တအာင်းတပ်မတော်ကို  ပြည်သူလူထုတစ်ရပ်လုံးက ခွင့်လွှတ် ကြမှာ မဟုတ်ကြောင်း TNLA မှ ဗိုလ်ကြီး တာပန်လနှင့် ပလောင်လူမျိုးများအားလုံးသိစေချင်ပါတယ်။
စိုင်းနေ(မူဆယ်)

No comments:

Post a Comment