၂၀၁၅ ဖေ ၂၅
လောက်ကိုင်ဒေသအတွင်းဖြစ်ပွားနေသော တိုက်ပွဲများတွင် ဖုန်ကြားရှင်
ဦးဆောင်သည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့များကို TNLA ပလောင်အဖွဲ့မှ ပါဝင်ကူညီတိုက်ခိုက်ပေးနေကြောင်း
သတင်းများ တရားဝင်ဖော်ပြထားပြီး TNLA ပလောင်အဖွဲ့မှ ၄င်းတို့ခေါင်းဆောင်ပိုင်း ကောင်းစားရေး
အတွက် မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်သည့် လောက်ကိုင်ဒေသကို ဖုန်ကြားရှင်နှင့်ပူးပေါင်းပြီး
ဖဲ့ထုတ် ရောင်းစားနေသလားဟု
စဉ်စားစရာပင်ဖြစ်သည်။ TNLA ပလောင်အဖွဲ့အနေဖြင့် ဖုန်ကြားရှင်၏
အထောက်အပံ့ကိုရယူကာ ဒေသအတွင်းရှိပလောင်လူမျိုးများအား လူမျိုးရေးကိုအကြောင်းပြ၍ ၄င်းတို့တပ်ဖွဲ့အတွင်းသို့
အတင်းအဓမ္မ၀င်ရောက်စေပြီး ကိုးကန့်သောင်းကျန်းသူများနှင့်ပူးပေါင်းကာ လောက်ကိုင်ဒေသရှိ
ပလောင်လူမျိုးများအားကျွန်ဘ၀ရောက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင် နေသည်မှာ
သိသာလှပါသည်။
by စိုင်းနေ
No comments:
Post a Comment