၂၀၁၅ ဖေ ၀၆
ယခုနှစ်များ အတွင်း အနုပညာ လှုပ်ရှားမှုများ အနည်းငယ် ကျဲသွားသော ပြည်တွင်းမှ နာမည်ကြီး အဆိုတော် မျိုးကျော့မြိုင်၏ တစ်ကိုယ်တော် တေးဂီတ ဖျော်ဖြေပွဲကြီးကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Mya-nmar Event Park (MEP) ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
Myo Kyawt Myaing Virus 3 64 Bit ဟု အမည်ပေးထားသော မျိုးကျော့မြိုင်၏ အဆိုပါ တေးဂီတ ဖျော်ဖြေ ပွဲ ဖြစ်မြောက်စေရန် Fore-ver Blossom Co., Ltd.မှ စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ထိုဂီတ ဖျော်ဖြေပွဲတွင် အဆိုတော် မျိုးကျော့မြိုင်၏ ဂီတသက်တမ်း တစ်လျှောက် အောင်မြင် ကျော်ကြားခဲ့သော နာမည်ကြီး တေးသီချင်းများကို တစ်မူ ထူးခြားစွာ အကောင်းဆုံး သီဆိုဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။ ထို့အပြင်
ယင်းဂီတ ဖျော်ဖြေပွဲတွင် R ဇာနည်၊ အဲလက်စ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီး၊ ရန်ရန်ချန်း၊ ကောင်းမြတ်၊ G-tone၊ ချမ်းအေးဝင်း၊ ဇေယျာမျိုးသန့်၊ ငယ်ငယ် စသည့် အဆိုတော် များကလည်း ပါဝင်ကူညီ သီဆိုကြမည် ဖြစ်သည်။
ဖျော်ဖြေပွဲ လက်မှတ်များကို 4TV Showroom များနှင့် City Mart များ၌ ဝယ်ယူ ရရှိနိုင်သည့် အပြင် Myasiaticket.com နှင့် 1876 Hot Line Call Center တို့မှ တစ်ဆင့် လက်မှတ်များ ဝယ်ယူရရှိ နိုင်ကြောင်းနှင့် လက်မှတ် ဈေးနှုန်းများကို ငွေကျပ် ၁ဝဝဝဝ၊ ၂ဝဝဝဝ၊ ၃ဝဝဝဝ နှင့် ၄ဝဝဝဝ စသည်ဖြင့် ခွဲခြား သတ်မှတ်ထားကြောင်း သိရသည်။

No comments:
Post a Comment