Saturday, February 28, 2015

နှာစေးနေကြသူများ



 ၂၀၁၅ ဖေ ၂၈







မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ လောက်ကိုင်ဒေသသို့ ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်သောင်းကျန်းသူများနှင့် မြန်မာ့တပ်မတော်တို့နှစ်ဘက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား နေပါတယ်။ဒီလိုတိုက်ပွဲများဖြစ်ပွားရခြင်းမှာလည်း နိုင်ငံရဲ့အချုပ်ခြာအာဏာကိုထိပါး စေမည့် နယ်မြေ ကျူးကျော်မှုကို ဖုန်ကြားရှင်မှ စတင်ဖန်တီးလိုက်ခြင်းပင်ဖြစ်ပါတယ်။နိုင်ငံရဲ့အချုပ်ခြာ အာဏာကို တလက်မမှ ဆုံးရှုံးမခံနိုင်သည့်အတွက် တပ်မတော်မှ အရာရှိ၊စစ်သည်များသည် မိမိတို့၏ အသက်ခန္ဓာကိုယ်အားစတေးပြီး  ကျူးကျော်လာသော ကိုးကန့်သောင်းကျန်းသူများကို တွန်းလှန် ဖယ်ရှားရင်း တိုင်းပြည်နှင့်လူမျိုးများအတွက် အသက်ခန္ဓာစွန့်လွတ်ရသည့် တိုက်ပွဲကျ အရာရှိ စစ်သည်များနှင့် ဒဏ်ရာရအရာရှိ စစ်သည်များအား တစ်နိုင်ငံလုံးရှိ လူ့အဖွဲ့အစည်းများမှ ကိုးကန့်သောင်းကျန်းသူများနှင့် ၄င်းတို့ဘက်မှ ပါဝင်ကူညီတိုက်ခိုက်ပေးနေသော KIA (ကချင်)၊ TNLA(ပလောင်)၊ AA(ရခိုင်)တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများအား ပြင်းထန်စွာရှုတ်ချကြောင်းသဘောထားထုတ်ပြန်ကြေငြာချက်များ ထုတ်ပြန်ခဲ့ပါသည်။
တစ်နိုင်ငံလုံးရှိ ရဟန်းသံဃာ၊ပြည်သူလူထုနှင့် အနုပညာရှင်းများကလည်း ကျရှုံးအရာရှိ၊ စစ်သည်များနှင့် တိုက်ပွဲတွင် ဒဏ်ရာရရှိသော စစ်သည်များအား အလှူငွေများထည့်ဝင်လှူဒါန်းခြင်း ရှေ့တန်းရောက် တပ်မတော်သားများအတွက် အစားအသောက်များကိုလည်း နေ့စဉ်နှင့်အမျှ ပါဝင်လှူဒါန်းနေပြီး
အချို့သောပြည်သူများနှင့် အနုပညာရှင်များမှာ လူကိုယ်တိုင်သွားရောက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်မှာ  ၀မ်းသာပီတိဖြစ်ရပါတယ်။
ဒါပေမဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မြအေး၊ ပြုံးချို၊ ဂျင်မီ တို့ဦးစီးသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မည်သည့်လှုပ်ရှားမှုမျှ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံရဲ့အချုပ်ခြာအာဏာကို ထိပါးအောင်ဆောင်ရွက်နေသည့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်သောင်းကျန်းသူများနှင့်
၎င်းတို့ အဖွဲ့တွင်ပါဝင်ကူညီတိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့အစည်းအချို့အားနောက်ကွယ်မှ အားပေးနေသလားဟုတောင် သံသယရှိလာမိပါတယ်။ ၈၈ မျိုးဆက်အဖွဲ့တွေက လက်ပံတောင်း၊ လိုင်ဇာ၊ မိတ္ထီလာ စသည့်နေရာများတွင်လူတွင်ကျယ် များပြုလုပ်နေကြသော်လည်း ယခုကဲ့သို့ ကိစ္စရပ်မျိုးဖြစ်ပေါ်လာချိန်တွင်၎င်းတို့နား၊မျက်စိများ ကမ်းနေသလား(သို့)ဖုန်ကြားရှင်ထံမှ အကျိုးထူး ခံစားခွင့်များ ရနေသလားဆိုတာ ကာယကံရှင်များကိုယ်တိုင်သာ သိသာပါလိမ့်မည်။
 အောင်အောင်(ကျောက်မဲ)

No comments:

Post a Comment