၂၀၁၅ ဖေ ၂၁
၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ၁၄ရက်နေ့တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု
၊ကျူတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမောင် ထံသို့ အမည်မသိ ရှမ်းတိုင်းရင်းသား တစ်ဦးမှ
တရုတ်နိုင်ငံလုပ် ၁၂၅ အမျိုးအစား အဖြူရောင်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ``ပန်းရောင်တော်လှန်ရေး၊ ရှမ်းပြည်နယ် အုပ်ချုပ်ရေးအဖွဲ့၊ဌာနေ
အုပ်ချုပ်ရေး(၁၀)၊တပ်ရင်း(၃၇၉)မှ လူသစ်တောင်းခံခြင်း`` ဆိုသည့် ရှမ်း ဘာသာဖြင့်ရေးသားထားသောစာ
တစ်စောင် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
စာတွင်ပါရှိသောအကြောင်းအရာများမှာ
သီပေါမြို့နယ်အတွင်းနေထိုင်သည့် ရှမ်းတိုင်းရင်းသားများ အနေဖြင့် ရပ်ကွက် ၁ခုလျင်
(၇၀) ယေက်ပေးပို့ရန်တောင်းဆိုလိုကြောင်း၊ရှမ်းတိုင်းရင်းသားများအနေဖြင့် အစိုးရလူမဖြစ်စေရေး
မြို့၊ရွာ၊ရပ်ကွက်အလိုက် လူကြီးများမှ ထိန်းသိမ်းရန်လိုကြောင်း၊ ၄င်းတို့ရှမ်းမြေ ကာကွယ်
ရန်နှင့်ရှမ်းတိုင်းရင်းသားများကာကွယ်စိတ်ရှိရေးမြှင့်တင်ပေးရန် ရပ်ရွာများအတွင်းရှိ
(၂)ယောက်မှ (၅)ယောက် ရှိသောအိမ်များစာရင်းကိုသိရှိလိုကြောင်း၊၂၀၁၅ခုနှစ်ဖေဖော်ဝါရီလနှင့်မတ်လအတွင်း
တောင်းထားသော လူဦး ရေအပြည့်ပို့ပေးရမည်ဖြစ်ကြောင်း၊အခက်အခဲရှိပါကလာရောက်မေးမြန်းနိုင်ကြောင်း၊
ယခုကိစ္စကို လုံးဝလျှို့ဝှက် ထားရန်နှင့် အခြားသူထံလုံးဝမရောက်ရန် လိုကြောင်း ပါရှိပါသည်။
စာတွင်ပါရှိသောတပ်တံဆိပ်နှင့်တပ်အမှတ်မှာ
SSA(ရွက်ဆစ်)အဖွဲ့မှ ဖြစ်ကြောင်း၊ယခုလို ရှမ်းပြည်နယ် ကာကွယ်ရေး အကြောင်းပြပြီး လူသစ်စုဆောင်းမှုများမှာ
အကြိမ်ကြိမ်ရှိနေပြီဖြစ်ကြောင်း၊ SSA(ရွက်ဆစ်) အဖွဲ့မနေဖြင့်ဆက်ကြေးကောက်ခံမှုများလည်း အမြဲတမ်းပြုလုပ်ကြောင်း၊၄င်းတို့လုပ်ရပ်များကြောင့်
ငြိမ်းချမ်းရေး ရရှိဖို့ရေး အဟန့်အတားဖြစ်စေသည့်အပြင် ဒေသခံများအပေါ် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေကြောင်း၊ယခုစာသည်
လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်သဖြင့် SSA(ရွက်ဆစ်)အဖွဲ့အား
သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဒေသခံ တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
No comments:
Post a Comment