၂၀၁၅ ဖေ ၂၅
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့ညနေ ၄ နာရီခန့်မှာ ကွတ်ခိုင်မြို့နှင့် ၆ မိုင်ခန့်အကွာ TNLA ပလောင် အဖွဲ့မှ ခရီးသည်တင်ဆောင်လာသော VAN ကား ၂စီးကို သေနတ်ဖြင့် ပစ်ခတ်ပြီး ရပ်တန့်စေကာ ယာဉ်မောင်း ဦးတင်မောင်လွင် အပါအ၀င် ၃ ဦးအားဖမ်းဆီးပြီး မန်လုံကျေးရွာဘက်ကို ခေါ်ဆောင်သွားခဲပြီး ဖေဖော်ဝါရီလ၂၂ရက်နေ့ ညနေပိုင်းမှာ ၄င်းတို့ထံမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခြင်းခံရသည့် ဦးတင်မောင်လွင်ရဲ့ ပြောကြားချက်အရ
သိရှိရပါတယ်။

TNLA
(ပလောင်)အဖွဲ့မှ သူတို့ယခုလိုဖမ်ဆီးသွားသည်ကို မည်သည့်အဖွဲ့အစည်းကိုမှ သတင်းမပို့ရန်နှင့်
သတ်မှတ်ထားသည့်ဆက်ကြေးငွေများအမြန်ဆုံပေးသွင်းရန်၊လိုက်နာမှုမရှိကထိရောက်စွာအပြစ်ပေးခံရမည်ဟု
ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူ ဦးဖြိုးဇော် မှ ပြန်လည်
ပြောပြခဲ့ပါတယ်။
TNLA
(ပလောင်)အဖွဲ့များ၏ လုပ်ရပ်များသည် လက်နက်အားကိုးပြီး ယခုကဲ့သို့ ပြည်သူလူထုအား အမြဲတမ်း
အကြမ်းဖက်ညှင်းပမ်း နှိပ်စက်နေကြောင်းနှင့် ၄င်းတို့အဖွဲ့၏
ဥပဒေမဲ့လုပ်ရပ်များကြောင့် စိုးရိမ်ကြောက်လန့် လျက်ရှိကြောင်း ဒေသခံများရဲ့
ပြောကြားချက်အရ သိရှိရပါတယ်။
No comments:
Post a Comment