၂၀၁၅ ဖေ ၂၅
KIA မိုင်းဖောက်ခွဲမှုကြောင့် ပျက်စီးသွားသည်ကားပုံ
ဖေဖော်ဝါရီလ၂၄ရက်နေ့မနက်၉ နာရီခွဲချိန်တွင် မူဆယ်မြို့
ပန်ဆိုင်း(ကြူကုတ်)မြို့အ၀င် မုခ်ဦးအနီး၌ ဖရဲသီးများတင်ဆောင်လာသည့် မော်တော်ယာဉ်၂စီးအား
KIAသောင်းကျန်းသူအဖွဲ့မှ သေနတ် ပစ်ဖောက်တားဆီးပြီး ၁၂ ဘီးယာဉ်မောင်းလာသူ ဦးအေးကိုနှင့်
ဦးအေးသိန်းတို့အား ၄င်းတို့အဖွဲ့မှ ပေးပို့သည့်ဆက်ကြေးတောင်းခံစာရသလားဟုမေးမြန်းခဲ့ရာ
ယာဉ်မောင်း ၂ ဦးမှ ၄င်းတို့ ရရှိခြင်းမရှိ ဟုဖြေကြားသည့်အတွက် KIA သောင်းကျန်းသူအဖွဲ့မှ
မော်တော်ယာဉ် ၂စီး၏ ဦးခေါင်းပိုင်းအတွင်းသို့ လက်ပစ်ဗုံးများ ပစ်ထည့်ပြီး ထွက်ခွာသွားကြောင်းသိရှိရပါသည်။
အဆိုပါ KIAသောင်းကျန်းသူများ၏လုပ်ရပ်ကြောင့်မော်တော်ယာဉ်ဦးခေါင်းပိုင်းမှာ
ပျက်စီးသွားကြောင်း ယာဉ်မောင်း ဦးအေးကို၏ ပြောကြားချက်အရသိရှိရပါသည်။ ထိုသို့ KIA
သောင်းကျန်းသူအဖွဲ့များ အနေဖြင့် ပြည်ထောင်စုကားလမ်းပေါ်၌ သွားလာလျက်ရှိသော မော်တော်ယာဉ်များအား
မကြာခဏ ဆက်ကြေးကောက်ခံခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်နေသည့်အတွက် ဒေသနေပြည်သူများမှ
စိုးရိမ်လျက် ရှိကြောင်း ပန်ဆိုင်းမြို့နေ ဦးလဆိုင်းမှ ပြောကြားခဲ့ပါသည်။
No comments:
Post a Comment