၂၀၁၅ ဖေ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော
စစ်ပွဲများတွင် ဖုန်ကြားရှင်မှ ကိုးကန့်သောင်းကျန်းသူများအား ရာမဆေးပြားများနှင့် ငွေကြေးများပေး၍
စည်းရုံးတိုက်ခိုက် နေကြောင်း သိရှိရပါသည်။ KIA (ကချင်)၊ TNLA(ပလောင်)၊ AA(ရခိုင်)သောင်းကျန်းသူနှင့်
SSA(၀မ်ဟိုင်း)တို့အဖွဲ့အစည်းများကလည်း စစ်ပွ္ပဲ္ပတွင် ပါဝင်ကူညီတိုက်ခိုက်ပေးလျက်ရှိကြောင်း
သိရှိ ရပါသည်။ ၄င်းအဖွဲ့အစည်း ခေါင်းဆောင်အချို့မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်
ပြောကြား သောစကားများသည် လူကြားကောင်းအောင် ပြောဆိုနေသလားဟု ထင်မှတ်စရာ ဖြစ်လာပါ တယ်။မိမိကိုယ်ကျိုးအတွက်
မိမိလူမျိုးများကို တိုင်းရင်းသား ၁၃၅ မျိုးထဲမှ သမိုင်းရဲ့တရားခံများအဖြစ် သွတ်သွင်းအောင်
ပြုလုပ်နေသလားဆိုတာ စဉ်းစားစရာပင် ဖြစ်လာပါတော့သည်။
No comments:
Post a Comment