၂၀၁၅ ဇန် ၃
၂၀၁၅
ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊မန်ဟဲကျေးရွာနေထိုင်သူ
၁ ဦး ၊တိန်ချေးကျေးရွာ နေထိုင်သူ ၅ ဦးတို့သည် ကုန်းဆော့ကျေးရွာ၏ အနောက်တောင်ဘက် တောထဲတွင်
ပရိဘောဂသုံးသစ်တို သစ်စများ ရှာဖွေစုဆောင်းနေစဉ် SSA (ရွက်ဆစ်)အဖွဲ့မှ တပ်စိတ်မှူးး
အိုက်စံ ခေါင်းဆောင် ၅ ဦးခန့်မှ ညှင်းပန်းနှိပ်စက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ဖမ်းဆီးခံရသူ
၅ ဦးမှာ
(၁) ဦးတာဦး(၅၁)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ပရိဘောဂလုပ်ငန်းပိုင်ရှင်၊ တိန်ချေကျေးရွာ၊ သီပေါမြို့နယ်။
(၂) စိုင်းဘသန်း(၃၀)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ပရိဘောဂအလုပ်သမား တိန်ချေကျေးရွာ၊ သီပေါမြို့နယ်။
(၃) စိုင်းစံနှောင့် (၂၅) နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ပရိဘောဂအလုပ်သမား တိန်ချေကျေးရွာ၊ သီပေါမြို့နယ်။
(၄) စိုင်းအိုက်တုတ်(၂၅)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ပရိဘောဂအလုပ်သမား တိန်ချေကျေးရွာ၊ သီပေါမြို့နယ်။
(၅) စိုင်းအိုက်ဟ(၁၉)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ပရိဘောဂအလုပ်သမား တိန်ချေကျေးရွာ၊ သီပေါမြို့နယ်။
(၆) စိုင်းကျော်လူ(၃၀)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ပရိဘောဂအလုပ်သမား မန်ဟဲကျေးရွာ၊ သီပေါမြို့နယ်။
SSA
(ရွက်ဆစ်)အဖွဲ့သည် အထက်ပါ ၆ ဦးအားဖမ်းဆီးခေါ်ဆောင်သွားပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်
ဦးတာဦး နေအိမ်သို့ ဆက်သားစေလွှတ်ပြီး ဖမ်းဆီးခံရသူ ၆ ဦးအနက် ဦးတာဦးအား ငွေကျပ်သိန်း
၁၀၀ ဖြင့်လည်းကောင်း၊ကျန် ၅ ဦးအား ငွေကျပ် သိန်း ၂၀ ဖြင့်လည်းကောင်း ကုန်းဆော့ကျေးရွာ၏
အနောက်တောင်ဘက်သို့ လာရောက်ရွေးယူရန် အကြောင်းကြားခဲ့ပါသည်။
SSA
(ရွက်ဆစ်)အဖွဲ့မှ အကြောင်းကြားမှုကြောင့် ဖမ်းဆီးခံရသူ ဦးတာဦး၏ ညီတော်စပ်သူ သီပေါမြို့နယ်၊
ပန်တိမ်းတောင်ရပ်ကွက်နေဦးတာအေးနှင့် တစ်ရပ်ကွက်တည်းနေ ဦးကြာထွန်းတို့သည် ၄င်းတို့ချိန်းဆိုထား
သည့်နေရာသို့ သွားရောက်ခဲ့ရာ ဦးတာအေးမှ အိုက်စံအား တောင်းပန်ပြောဆိုမှုကြောင့် စုစုပေါင်း
တောင်းခံသည့် ငွေကျပ် သိန်း ၂၀၀ မှ သိန်း ၁၈၀ သာပေးဆောင်ခဲ့ရပြီး ဖမ်းဆီးထားသူ ၆ ဦးအား
ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် နေ့လည် ၁၁ နာရီတွင် နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း
၊ပြန်ရောက်လာသည့် ရွာသားများမှာ SSA (ရွက်ဆစ်)အဖွဲ့၏ ထိုးကြိတ်မှုများကြောင့် မျက်နှာပေါ်တွင်
ဒဏ်ရာ များဖြင့် သိရှိရပါသည်။
ဖမ်းဆီးခံရသူ၆ ဦးမှာ SSA (ရွက်ဆစ်)အဖွဲ့၏ ကြိုးတုတ်ဖမ်းဆီးမှုအားခံရသည့်အပြင်
ရိုက်နှက်ထိုးကြိတ်မှုများ ခံရကြောင်း၊တစ်နေ့လျှင် ထမင်းတစ်နပ်သာကျွေးပြီး ၄င်းတို့တောင်းထားသည့်
ငွေများရရှိမှသာ ပြန်လည် စေလွှတ် မည်ဖြစ်ကြောင်း၊တောင်းထားသည့် ငွေများရရှိချိန်တွင်
၎င်းတို့အဖွဲ့ဖမ်းဆီးငွေတောင်းခံမှု အား မည့်သည့်အဖွဲ့အစည်းကိုမျှ တိုင်ကြားခြင်းမပြုရန်နှင့်
တိုင်ကြားပါက ၄င်းတို့၏အသက်အား အာမ မခံနိုင် ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ငွေကျပ်သိန်း ၁၈၀ ယူဆောင်၍ ထွက်ခွာသွားကြောင်း သိရှိရပါသည်။
SSA
(ရွက်ဆစ်)အဖွဲ့၏အဆိုပါ လုပ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသားများ အနေဖြင့် စိုးရိမ်ကြောက်လန့်
လျှက်ရှိကြောင်းသိရှိရပါသည်။
No comments:
Post a Comment