၂၀၁၅ ဖေ ၂၅
လောက်ကိုင်ဒေသတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွါးလျက်ရှိပါတယ်။ ကိုးကန့်သောင်းကျန်းသူများနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသည့် လက်နက်ကိုင်သောင်းကျန်းသူများအတွင်းမှ KIA ကချင်အဖွဲ့ကတော့ ၄င်းတို့နယ်မြေသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။

TNLAပလောင်သောင်းကျန်းသူအဖွဲ့ကတော့
တိုက်ပွဲအတွင်းသို့ဒေသအတွင်းရှိ ပလောင်ကျေးရွာများမှ အရွယ် ရောက်သူ
ယောက်ကျားလေးများကို အတင်းအဓမ္မ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး လက်နက်များပေးကာ တိုက်ပွဲဝင်ခိုင်းနေကြောင်း
သိရပါတယ်။
၎င်တို့TNLAပလောင်အဖွဲ့များ၏
အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပလောင်တိုင်းရင်းသားများသည် နေရပ်စွန့်ခွာ ထွက်ပြေးသူအရေအတွက်ဟာတစ်နေ့ထက်
တစ်နေ့ပိုမိုများပြားလျက်ရှိပြီး ပလောင် လူမျိုးအချင်း ချင်းယခုလို အနိုင့်အထက်ပြုသည့်
TNLA သောင်းကျန်းသူအဖွဲ့၏လုပ်ရပ်များကြောင့် လက်အောက် ငယ်သားများ မှ
၎င်းတို့ခေါင်းဆောင်ပိုင်းအပေါ် စိတ်ပျက်လျက်ရှိကြောင်း စစ်ဘေးတိမ်းရှောင်
ပလောင်ဒေသခံ များ၏ ပြောပြချက်အရသိရပါတယ်။
by စိုးအောင်
No comments:
Post a Comment