Wednesday, February 25, 2015

တိုင်းရင်းသားသစ္စာဖောက်မဖြစ်စေဖို့



 ၂၀၁၅ ဖေ ၂၆











ကိုးကန့်ဒေသတွင်တိုင်းရင်းသားတပ်ပေါင်းစုတွေနဲ့ မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာမှာ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၂၁ရက်နေ့မှာ မြန်မာတပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဖတ်လိုက်ရပါတယ်၊အဲဒီသတင်းနဲ့ပက်သက်လို့ဘယ်လိုသက်သေပြမလဲလို့တင်ထားတဲ့သတင်းဌာန ကိုမေးချင်ပါတယ်၊ဘယ်ချိန်ကတိုက်တာလဲ၊ခုချိန်မှာတိုက်ပွဲဖြစ်နေတာဟာမြန်မာ့မြေကိုကျူးကျော်လာတဲ့ကိုးကန့် တပ်ဖွဲ့တွေကိုတပ်မတော်ကတိုက်ခိုက်နေတာပါတိုင်းရင်းသားတွေကို တိုက်ခိုက်နေခြင်းမဟုတ်တာ သေချာပါတယ်၊ဒီမြေမှာနေဒီရေကိုသောက်ပြီးကိုယ့်မြေကို ကာကွယ်ပေးဖို့၊ကျူးကျော်သူတွေကိုတွန်းလှန်ဖို့ပြည်သူတစ်ရပ်လုံးမှာတာဝန်ရှိတယ်လို့ထင်မြင်မိပါတယ်၊ကိုးကန့် ကျူးကျော်သူကနေတိုင်းရင်းသားတပ်ပေါင်းစုဖြစ်သွားပြီလား၊တိုင်းရင်းသားတွေကိုးကန့်အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်း နေပြီလား၊အဲဒီလိုဆိုရင်တော့သွားရောက်ပူးပေါင်းတဲသူတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့  တိုင်းရင်သားတစ်ရပ်လုံးကိုသစ္စာ ဖောက်တာပါဘဲ၊ရေးထားတဲ့သတင်းဌာနကရော ဘာလူမျိုးလဲ၊နိုင်ငံခြားသားလား၊ကိုးကန့်လား၊မြန်မာနိုင်ငံထဲမှာ နေတာလားလို့မေးချင်ပါတယ်၊ ကျနော်တို့ဖတ်လိုက်ရတဲ့သတင်းအားလုံးထဲမှာတော့ တပ်မတော်က ကိုးကန့် အဖွဲ့တွေကို တိုက်ထုတ်နေလို့ ကိုးကန့်အဖွဲ့တွေ ခွေးပြေး၊၀က်ပြေး ပြေးနေရတယ်လို့ဘဲဖတ်ရပါတယ်၊တပ်မတော်ရဲ့ထိုးစစ်ကိုမခံနိုင်လို့ ဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကိုးကန့်ခေါင်းဆောင်
ဦးဖုန်ကြားရှင်ကတွေ့ဆုံဆွေးနွေးခွင့်တောင်း နေတာဘဲ တွေ့ရပါတယ်၊ဖုန်ကြားရှင်နောက်လိုက်ရင်တော့ ဘိန်းရှူခိုင်းပြီး သမိုင်းရဲ့တရားခံ ဖြစ်လာမယ်ဆိုတာ သေချာသလောက်ရှိပါတယ်လို့ ပြောချင်ပါတယ်။
By အောင်မောင်း

No comments:

Post a Comment