Saturday, February 28, 2015

SSA(၀မ်ဟိုင်း)အဖွဲ့မှ လားရှိုးမြို့နောင်နွေကျေးရွာမှ ကျောင်းသားများအား လူသစ်စုဆောင်ခြင်း



 ၂၀၁၅ ဖေ ၂၈









၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊နောင်နွေကျေးရွာမှ ကျောင်းသား(၄)ဦးအား SSA(၀မ်းဟိုင်း)အဖွဲ့မှ သေကျဆိုသူ ဦးစီးသည့် ၃ ဦးသည် ကလေးငယ် များကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောင်းသားတစ်ဦး၏ ဖခင် ဦးစိုင်းပန်မှ ပြောကြားခဲ့ပါသည်။ ၄င်းကျောင်းသား လေးဦးမှာ မောင်လှအောင်(၄)တန်းနှင့်မောင်စိုင်ခမ်းအောင်၊ မောင်စိုင်းစံညွန့်နှင့် မောင်စိုင်းအောင်(၃)တန်းတို့သည် လားရှိုးမြို့ ဝေလုကျေးရွာ အမကတွင် ပညာ သင်ကြားနေပြီး စာမေးပွဲပြီးဆုံး၍ ရွာသို့ပြန်လာစဉ်
SSA(၀မ်ဟိုင်း)အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကလေးစစ်သားများ မစုဆောင်းရန် ကုလသမ္မဂ္ဂလူအခွင့်ရေး ကောင်စီမှ ထုတ်ပြန်ထားသော်လည်း ယခုကဲ့သို့ မကြာခဏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကျေးရွာအတွင်းရှိ ကလေးငယ်များအား ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းများ ပေးနေကြောင်းသိရှိရပါသည်။

No comments:

Post a Comment