Saturday, February 28, 2015

လေးစားထိုက်သည့်တပ်မတော်



၂၀၁၅ ဖေ ၂၈












ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်ဒေသတွင်တိုက်ပွဲများဖြစ်ပွားခဲ့တာသုံးပတ်မြောက်ရောက်လာ      ပြီဖြစ်ပါတယ်၊ ယခုအခါမှာ လောက်ကိုင်ဒေသတစ်ခုလုံးတည်ငြိမ်အေးချမ်းစပြုလာပြီ ဖြစ်လာသဖြင့်တိုက်ပွဲဖြစ်ပွားစဉ် စစ်ဘေးရှောင်ပြည်သူများ  မြို့တွင်းသို့ပြန်လည်ဝင်ရောက် နေထိုင်လာကြပြီ ဖြစ်ပါတယ်၊လောက်ကိုင်မြို့ရှိ နယ်မြေခံ တပ်မတော်သားများက စစ်ဘေးရှောင်ပြည်သူများကို လိုအပ်သောအထောက်အပံ့ပစ္စည်းများ ကူညီပေးခဲ့တာ အားလုံးအသိပင်ဖြစ်ပါသည်။၎င်းအပြင် ကိုးကန့်သောင်းကျန်းသူများ၏ လောက်ကိုင်မြို့တွင်းဝင်ရောက်တိုက်ခိုက်မှု ကြောင့် မြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အဦများနှင့် ဈေးဆိုင်ခန်းများအား ပြန်လည်ပြုပြင်ပေးခြင်းနှင့်သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို တပ်မတော်သားများက ဖေဖော်ဝါရီလ၂၇ရက်နေ့တွင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ လောက်ကိုင်မြို့နေပြည်သူများအေချမ်းစွာနေထိုင်နိုင်ရေးအတွက်နယ်မြေလုံခြုံရေးသာမက
မြို့သာယာလှပရေးကို အားတက်သရော ဆောင်ရွက်ပေးနေသည့် တပ်မတော်အတွက် မြန်မာနိုင်ငံတိုင်းရင်းသား တစ်ယောက်အနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း ဒီစာဖြင့် ဂုဏ်ပြုအပ်ပါသည်။

No comments:

Post a Comment