၂၀၁၅ ဇန် ၃
KIA
(ကချင်)အဖွဲ့သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်မည့် အခမ်းအနား တစ်ခုအတွက်
အကြောင်းပြပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တီးတိန်-ကာမိုင်းဒေသရှိကျေးရွာများတွင် နေထိုင်သည့်
မိသားစုဝင် များထံမှ တစ်အိမ်ထောင်လျှင် ၅၀၀၀ိ/- ကျပ်နှုန်း စီ ကောက်ခံနေကြောင်း၊ ထိုသို့
ကောက်ခံရာတွင် ၄င်းတို့၏ အမာခံများမှတဆင့် ကျေးရွာလူကြီးများသို့ ကောက်ခံခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
``
သူတို့အဖွဲ့က ဘာလုပ် ပါမယ်လို့တော့ မပြောဘူး၊ တစ်အိမ်ထောင် ၅၀၀၀ိ/-ကျပ်နှုန်းနဲ့ ကောက်ခံတာလေ
ဆင်းရဲ၊ချမ်းသာလည်း မရွေးဘူး ၊မပေးနိုင်ရင် သူတို့ပေးတဲ့အပြစ်ယူရမှာမို့ ကြောက်လန့်ပြီး
ပေးရတာလေ၊ ပေးတာကတော့ ဘယ်သူကမှ မပေးချင်ဘူး၊တောင်ယာလုပ်ရတာ အဆင်မပြေပေမဲ့ သူတို့အဖွဲ့ကိုကြောက်ပြီး တောင်းတိုင်းပေးနေရတာလေ
`` ဟု ကာမိုင်းရွာသား တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
KIA
(ကချင်)အဖွဲ့သည် ကျေးရွာများအတွင်း ဆက်ကြေးကောက်ခံခြင်းအား ယခုနောက်ပိုင်းတွင် ပိုမို
ဆောင်ရွက်လာပြီး ဆက်ကြေးမပေးနိုင်ပါက ရွာသူ/ရွာသားများအား ၄င်းတို့အဖွဲ့အတွင်း ၀င်ရောက်ရန်
အတင်း အဓမ္မ ခေါ်ယူကြောင်းသိရှိရပါသည်။
စိုင်းလူ
(ကာမိုင်း)
No comments:
Post a Comment