25 Feb 2014
တစ်ဦးတစ်ယောက်ကို ချစ်မိသွားရင် ပညာရှိ မိန်းမများပဲ ဖြစ်စေ အသိတရား လွင့်ပြယ် သွား တတ်ကြ ပါသည်။
ချစ်သူရဲ့ ကြင်နာ ယုယမှုအောက်တွင် ဆင်ခြင်တုံတရားတို့ လွင်ပြယ်သွား တတ်ပါသည်။ အဲဒီ အချိန်မှာ ပြန်ပြင်လို့ မရတော့တဲ့ အမှားတို့ ဆက်တိုက် မှားယွင်းမိတော့သည်။
သို့သော် သဘာဝ
တရားမို့
မည်သူ့ကိုမျှ အပြစ်မဆိုသာချေ။
အထူးသဖြင့် ဆိတ်ကွယ်ရာတွင် ဖြစ်စေ ညအခါတွင်ဖြစ်စေ ချစ်သူရဲ့ အထိအတွေ့ပာာ မှားယွင်းမိသည်အထိ အဆိပ်ပြင်းပါသည်။
ယခုအခါ အလွန်တိုးတက်သဖြင့် လိင်စိတ်ကို ပြင်းထန် ထကြွစေသည့် ကော်ဖီမစ်ဖြစ်စေ ပီကေဖြစ်စေ အသုံးပြုပြီး မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ကို အလွယ်တကူ ဖျက်ဆီးနိုင်ပါသည်။
ထို့ကြောင့် ဆိတ်ကွယ်ရာတွင် ချစ်သူကျွေးသည့် မည်သည့်အစားအစာကိုမျှ မစားမိပါစေနှင့် ။
ချစ်သူကို ယုံလျှင်တစ်မျိုးပေါ့။ ချစ်သူက ခန္ဓာကိုယ်ကို တောင်းခံလာလျှင် ခြွင်းချက်မရှိ ငြင်းပယ်ပေးပါ။ ချစ်သူဘ၀တွင် မှားယွင်းမိလျှင် မိမိအပေါ် ရိုးအီသွားသဖြင့် နောက်တစ်ယောက်အပေါ် ကျိန်းသေ စိတ်ယိုင်သွားပါမည်။ စောင့်ထိန်းမှသာ ရေရှည် တည်မြဲပါမည်။
No comments:
Post a Comment