Wednesday, February 19, 2014

Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့ နေအိမ်

19 Feb 2014

ပုံမှာ မြင်တွေ့နေရတာကတော့ ၂၀၁၁ ခုနှစ်ကတည်းက Facebook တည်ထောင်သူ Mark Zukerberg ဝယ်ယူထားတဲ့ အိမ် ဖြစ်ပါတယ်။

 အဲ့တုန်းက အမေရိကန်ဒေါ်လာ ၇ သန်းသာ ကုန်ကျပါတယ်။ အိပ်ခန်းငါးခန်း ပါရှိပြီး ခြံဝိုင်း ကျယ်ကျယ် ဝန်းဝန်းနဲ့ ဇိမ်ခံ အိမ်တစ်လုံး ဖြစ်နေတာကို   မြင်တွေ့ရမှာပါ။  Facebook ရဲ့  ဌာနချုပ် Menlo   park နဲ့လည်း
အနီးဆုံးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ကြောင်း ဆိုပါတယ်။ ဆီလီ ကွန် တောင်ကြား နဲ့ မနီးမဝေး နေရာမှာပဲ။ ယခုထွက်ရှိတဲ့သတင်းသစ်အရဇူကာဘတ်ဟာအိမ်နီးချင်းက အိမ်   ၄ လုံးကိုတောင် ဆက်တိုက်ဝယ်ယူခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်းချီ ရှိခဲ့ကြောင်း ဆိုပါတယ်။

 အမှန်တော့ ယင်း အိမ် ၄ လုံးပေါင်း တန်ဖိုးက ၁၀ သန်းတောင် မရှိဘူးလို့ မီဒီယာသမားများက ဆိုကြပါတယ်။ ဒါကို ဇူကာဘတ် က ငွေ ပိုပေး ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဇူကာဘတ်ဟာ အသက် ၂၉ နှစ်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး အိုင်တီ လုပ်ငန်းရှင် ပုဂ္ဂိုလ်စာရင်း ထိပ်တန်း ၁၀ ဦးထဲမှာပါဝင်လျက် ရှိကြောင်း သိရ ပါတယ်။ . Ref:zimbo

No comments:

Post a Comment