8 Jan 2014
နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်ဆဲရေး သဘော တူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့အနေဖြင့် ကချင်ပြည်နယ်လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ၂ရက်နေ့အထိ တွေ့ဆုံဆွေးနွေး၍
NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့အား ဖွဲ့စည်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ကွန့်ဖရင့်(လော်ခီးလာ ကွန်ဖရင့်)ကြီးကို ကရင်ပြည်နယ် လေးဝါး(ခ)လော်ခီးလာစခန်းတွင် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး အပြုသဘောဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါသည်။
၃။ အဆိုပါသတင်းများအတွက် ပြည်သူအများမှာ အားရ၀မ်းသာ ပီတိဖြစ်ပေါ်လျက်ရှိပါသည်။ သို့သော်လည်း ရှမ်း/မြောက်ဒေသ နောင်ချို၊ ကျောက်မဲ ဒေသအတွင်း ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ SSA(၀မ်ဟိုင်း) အဖွဲ့၊ တပ်/ခေါင်းဆောင် စိစစ်ဆဲ အင်အား ၇၀ ဦးခန့်သည်လည်းကောင်း၊ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ တပ်/ခေါင်းဆောင် စိစစ်ဆဲ အင်အား ၈၀ ဦးခန့်သည် လည်းကောင်း၊ TNLA (ပလောင်)အဖွဲ့မှ တပ်/ခေါင်းဆောင် စိစစ်ဆဲ အင်အား ၅၀ ဦးခန့်သည် လည်းကောင်း ပူးပေါင်း၍ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ် ဆက်စပ် နယ်နိမိတ် အတွင်းရှိ ပန်သပြေရွာ ၊ လွယ်စုရွာ ၊ နားကော်ရွာ တစ်ဝိုက်သို့ ၀င်ရောက်ဖြန့်ခွဲ လှုပ်ရှားလာမှုကြောင့် လက်ရှိ လျှောက်လှမ်းလျက်ရှိသော ငြိမ်းချမ်းရေးလမ်းစဉ်ကြီးအား ထိခိုက်မှာကို ဒေသခံ ပြည်သူအများမှ စိုးရိမ်လျက်ရှိပါသည်။
ပြည်သူအများစိုးရိမ်လျက်ရှိသည့် နောင်ချို၊ ကျောက်မဲ ဒေသ ဖြစ်ပေါ်နေသော သတင်းမှာ-
- SSA(၀မ်ဟိုင်း) တပ်ရင်း ၈၁၆ မှ တင်းခေးနှင့် ၁၀၀ ဦးခန့်သည် နောင်ချိုမြို့နယ်အတွင်းရှိ ဟိုခိုရဲဘက် အကျဉ်းစခန်း ၊ ကြူအင်းစခန်း၊ ကုန်းစံစခန်း၊ ဂယ်လောင်းစခန်း၊ လွင်ကြီးစခန်း၊ ခဲမွန်စခန်း၊ ကောင်းမှုစခန်း၊ များသို့ အင်အားသုံးစီးနင်းတိုက်ခိုက်၍ မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးခံ ရှမ်းလူမျိုးများအား ကယ်ထုတ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း။
- အလားတူ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု၊ သပြေဒိုးကျေးရွာ ၂ မိုင်ခန့်အကွာရှိ မင်းလှချောင်း၊ မြေပုံချောင်း၊သပြေဒိုးချောင်းများတွင် ရေကာတာတည်ဆောက်၍၆မဂ္ဂါဝပ် ရေအားလျှပ်စစ် ထုတ်လုပ်ရန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မိုမင်တန်ကုမ္ပဏီမှ အခွန် ဆက်ကြေးများ ကောက်ခံ၍ မရရှိပါက အဆိုပါ စိမံကိန်းအား ဖောက်ခွဲဖျက်ဆီးမည်ဖြစ်ကြောင်း။
သို့ဖြစ်၍ဒေသခံပြည်သူများမှအဆိုပါအဖျက်အမှောက်လုပ်ငန်းများမဖြစ်ပေါ်စေရန်တိုင်းရင်းသားခေါင်းဆောင် များထံသို့ အချိန်မီတားဆီးနိုင်ရေး၊ လုံခြုံရေးအကာအကွယ်ရရှိနိုင်မည့် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြား နိုင်ရေး SNDP ပါတီ၊ SNLD ပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များမှ တိုင်းရင်းသားပြည်သူများ ကိုယ်စား အချိန်မီတားဆီးနိုင်ရေးနည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်လျက် ရှိကြောင်း သိရှိနိုင်ပါရန်သတင်းစဉ်အားဖော်ပြအပ် ပါသည်။
နောင်ချိုသား
No comments:
Post a Comment