6 Feb 2014
ရှမ်းပြည်မြောက်ပိုင်း နမ်ဆန်မြို့နယ်တွင် နေထိုင်သော လီဆူး တိုင်းရင်းသား ၇၄ ဦးသည် ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် နမ္မတူမြို့နယ်မန်စံကျေးရွာသို့ ရောက်ရှိလာကြောင်းနမ္မတူ ဒေသခံမျက်မြင် တစ်ဦး၏ ပြောပြချက်အရသိရသည်။
ပြောင်းရွှေ့ ရောက်ရှိလာသောလီဆူးတိုင်းရင်းသားတစ်ဦးအားမေးမြန်းရာဇန်န၀ါရီလ၃၀ရက်နေ့ကTNLA (ပလောင်)အဖွဲ့မှ၁၇ဦးလက်နက်များ ကိုင်ဆောင်ရောက်ရှိလာပြီးပန်းတောင်း(အထက်ရွာ)မှ ၄င်းတို့အတွက်
ဆက်ကြေးငွေ၈၂၁၀၀၀ကျပ်ပေးရန် တောင်ခံခဲ့သည်ဟု ပြောပါသည်။
ဖြူစင်ရိုးသားပြီးမိမိတို့စားဝတ်နေရေးအတွက်ကြိုးပမ်းလုပ်ကိုင်စားသောက်နေရသော ကျေးလက်နေလီဆူး တိုင်းရင်းသားများအတွက် TNLA(ပလောင်)အဖွဲ့ တောင်းသော ဆက်ကြေး ငွေးပေးရန် အခက်အခဲများစွာ ရှိနေပါသည်။
TLNA အဖွဲ့သည် ရိုးသားဖြူစင်သောလီဆူးတိုင်းရင်းသားများအားနှိပ်စက် ညှင်းပန်းမှုပြုလုပ်ပြီး ၄င်းတို့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာသောကြောင့် မိမိတို့ ဇာတိမြေရှိ အိုးအိမ်၊ တောင်ယာများကို စွန့်လွတ်ပြီး ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင် ရခြင်းဖြစ်ကြောင်း ပြောပါသည်။
နမ္မတူမြို့၊ မန်စံကျေးရွာရှိ ဟေရမုန်ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းတွင် ရောက်ရှိ ခိုလှုံနေသော နမ့်ဆန်မြို့ ပန်းတောင်း(အထက်)ကျေးရွာမှ အိမ်ထောင်စု ၁၇ စု ၊ ကျား ၃၈ ဦးမ၃၆ဦးစုစုပေါင်း(၇၄)ဦးအား နမ္မတူမြို့ခံရပ်မိ/ရပ်ဖများနှင့်တာဝန်ရှိသူများမှလိုအပ်သောကူညီစောင့်ရှောက်မှုများ ပေးထားကြောင်းလည်း သိသည်။
နမ္မတူသား
No comments:
Post a Comment