Monday, February 10, 2014

ကော့သောင်းမြို့တွင် ဆွမ်းခံကြွ ရဟန်းတစ်ပါး နှင့်အတူ နံနက်တိုင်း ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင် ကပ္ပိယ တစ်ဦး ဝေယျာဝစ္စ လိုက်ပါဆောင်ရွက်

10 Feb 2014

ကော့သောင်းမြို့တွင်နံနက်တိုင်းရဟန်းတပါးဆွမ်းခံကြွစဉ် နိုင်ငံခြားသားတစ်ဦးလိုက်ပါ၍ ကြေးစဉ်ထုကာ   ရှေ့မှ ဝေယျာဝစ္စ ဆောင်ရွက်နေသည်ကို ဖေဖေါ်ဝါရီ၁၀ရက်၊နံနက်ပိုင်းက တွေ့မြင်ရသည်။စုံစမ်းသိရှိချက် အရ အဆိုပါ ရဟန်းမှာ   ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊    နဂါးရုံကျောင်းတိုက်မှ   ဖြစ်ပြီး နိုင်ငံခြားသားမှာ
ရုရှားနိုင်ငံသားဗုဒ္ဓဘာသာအားကိုးကွယ်သက်ဝင်ယုံကြည်သူတစ်ဦး ဖြစ်ကြောင်းအဆိုပါ  ကျောင်းတိုက်သို့   နေ့စဉ် ဝေယျာဝစ္စကိစ္စများလာရောက်ဆောင်ရွက်ပေးလေ့ရှိကြောင်း၊   နေ့စဉ်   တရားဘာဝနာများ ပွားများ အားထုတ်လေ့ ရှိကြောင်း ၊ ဆရာတော်မှ နံနက်တိုင်း    ဆွမ်းခံကြွချိန်တွင် ဆရာတော်   ရှေ့မှကြေးစည်ထုကာ မြို့အနှံ့ ဖိနပ်စီးထားခြင်းမရှိပဲ အတူတကွ နေ့တဓူဝ လိုက်ပါ ကူညီဆောင်ရွက်ပေး    လေ့ရှိရာ   တွေ့မြင်သူ မြို့နေ့ ပြည်သူများမှ      ကြည်နူးဖွယ်       ထိုမြင်ကွင်းကို ဓါတ်ပုံများ လိုက်လံရိုက်ကူးခြင်း၊ ဆိုရှယ်မီဒီယာ လူမှု ကွန်ယက် များသို့ တင်ကာအမျိုး   ဘာသာသာသနာအတွက်    ချီးကျူးထောမနာပြုကြခြင်းများ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

 MOI Webportal Myanmar

No comments:

Post a Comment