Tuesday, February 11, 2014

မူယစ်ဆေးဝါး ဖမ်းဆီးရှာဖွေစဉ် ထွက်ပြေးမှုကြောင့် ယာဉ်တိမ်းမှောက် ပြီး စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

11 Feb 2014

 မူဆယ်-နမ့်ခမ်းသွား ကားလမ်းအပေါ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စိတ်ကြွရှုးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ဖမ်းဆီးရမိမှုမှာမူဆယ်မူးရစ်အဖွဲ့မှသတင်းအရ   မူဆယ်နမ့်ခမ်းကားလမ်းပေါ် တွင် စစ်ဆေးနေစဉ် နမ့်ခမ်းဘက်မှ မူဆယ်ဘက်သို့ အိုက်မုန်းမောင်းနှင်လာသော SURF (ကြက်သွေးရောင်)
လိုင်စင်မဲ့ယာဉ်အား    စစ်ဆေးရန် ရပ်တန့်စေရာမရပ်ဘဲ မောင်းနှင်ထွက်ပြေးသွားသောကြောင့်ယာဉ်အား လိုက်လံဖမ်းဆီးစဉ်  တရားခံ မောင်းနှင်လာသောယာဉ်မှာ  တောင်ကမ်းပါးယံအားတိုက်မိပြီး  တိမ်းမှောက်  သွားခဲ့ပါသည်။

၎င်းတိမ်းမှောက်သွားသောယာဉ်အားရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံဘေးလက်ဆွဲအိတ်   အတွင်းမှ88   နှင့် 1စာတန်းပါ   စိတ်ကြွ  ရှုးသွပ်ဆေးပြား၁ထုတ်လျင်၁၉၅ ပြားစီပါသော၂၄၀ထုပ်ကလတန်ဖိုး  93600000  ကျပ်အား  သိမ်းဆည်း ရမိကြောင်းသိရသည်။

 မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသည့်မူဆယ်မြို့နမ့်အွန်ကျေးရွာအုပ်စုတီးမကျေးရွာနေအိုက်မုန်းအားမူဆယ် မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment