Tuesday, February 11, 2014

စစ်တွေလေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ရာမှ လက်ပစ်ဗုံးများနှင့် ကျည်ဆန်များတွေ့

11 Feb 2014
 
 ရခိုင်ပြည်နယ် စစ်တွေမြို့ လေယာဉ်ပြေးလမ်းတိုးချဲ့လုပ်ငန်း လုပ်ဆောင်ရာတွင် မြေကြီးထဲမှ စစ်ကျန်လက်နက်ပစ္စည်းများဟု ယူဆရသော ၃ဝ၃ ရိုင်ဖယ်ကျည် ဆန် ၂ဝဝဝ ကျော်နှင့် လက်ပစ်ဗုံး ဟောင်း ၁၂လုံးကိုတွေ့ရှိခဲ့ကြောင်း သိရသည်။ ယခုလ ၈ ရက် နံနက် ၁၁ နာရီတွင် လေယာဉ်ကွင်း တိုးချဲ့ လုပ်ငန်း
 လုပ်ကိုင်ဆောင်ရွက်နေ သည့် ခိုင်မာသောပန်းတိုင်ကုမ္ပဏီ မှစက်ယန္တရားအသုံးပြု၍ မြေကြီး တူးဖော်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ် သည်။

 ကုမ္ပဏီတာဝန်ရှိသူများ အကြောင်းကြား သတင်းပေးပို့ခဲ့ရာ သက်ဆိုင်ရာက လာရောက်သိမ်း ဆည်းသွားကြောင်းသိရသည်။ စစ်တွေလေယာဉ်ကွင်းကိုပြေး လမ်းအနောက်ဘက်သို့ ပေ ၁၅ဝဝ ခန့် တိုးချဲ့တည်ဆောက်လျက်ရှိရာ မြေကြီးပြုပြင်တူးဖော်ရာမှတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း၊ အဆိုပါနေရာ မှာ ပင်လယ်ကမ်းစပ်သဲသောင်ပြင် နှင့် နီးကပ်သောနေရာဖြစ်ကာ ယခင်ကအုန်းတောဟုခေါ်ကြောင်း လည်းသိရသည်။ 

ရခိုင်ပြည်နယ်ပင်လယ်ကမ်းစပ်အနီးတွင်စစ်ကျန်ဗုံးများကိုမကြာခဏတွေ့ရှိလေ့ရှိ ကြောင်း၊ယခင်နှစ်ကလည်း   ဘောဒူဖ ကယ်ဆယ်ရေးစခန်း လမ်းလုပ်ငန်း လုပ်ကိုင်ရာမြေတူးဖော်ရာမှ ဗုံးသီး များ တွေ့ရှိခဲ့ရ ဖူးကြောင်း သိရ သည်။ 

 ကမ်းစပ်အနီးတွင် လေယာဉ်မှ ကြဲချခဲ့သည့် မပေါက်ကွဲသေးသည့် ဗုံးများကို တွေ့ရှိရလေ့ရှိပြီး ၂ဝ၁၁ ခုနှစ် အတွင်းကလည်း သဲချောင်း ကျေး ရွာအနီးတွင် ဗုံးတွေ့ရှိခဲ့ရပြီး ဗုံးသီးမှယမ်းထုတ်ရန် ကြိုးစားရာ မှ ပေါက်ကွဲမှုဖြစ်ကာ လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

 The Union Daily

No comments:

Post a Comment