Sunday, February 9, 2014

လုဒ်မယ်တော်ပွဲတော်ရက်အတွင်း မြန်မာ့မီးရထားမှ အထူးအစီအစဉ်ဖြင့် အထူးရထားများ ပြေးဆွဲလျက်ရှိ

10 Feb 2014


နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ခရစ်ယာန် ဘာသာဝင်တို့၏ အထွတ်အမြတ်ဖြစ်ရာ ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော်ကို(၁၁၂)ကြိမ်မြောက်အဖြစ်ပဲခူးတိုင်းဒေသကြီးညောင်လေးပင်
မြို့တွင် ဖေဖော်ဝါရီ ၇ရက်မှ၉ရက်အထိကျင်းပခဲ့သည်။

ယခု(၁၁၂)ကြိမ်မြောက်ပွဲတော်တွင်ယခင်နှစ်များနှင့်မတူ ဝေးလံ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ် ခရစ်ယာန်ဘာသာ ဝင်တိုင်းရင်းသား လူမျိုးများ ၉၀၀ ကျော်ခန့်လာရောက်ခဲ့ကြပြီး အခြားဒေသများမှလည်းလာရောက်ခဲ့ကြသည်။ 

 သို့ပါ၍ အထူး အစီအစဉ်အနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားနေရာဒေသများရှိ ခရစ်ယာန် ဘာသာဝင်များ၊ လုဒ်မယ်တော်ပွဲတော်ရက်အတွင်းသွားလာရေးအဆင် ပြေချောမွေ့စေရန်အတွက်  မြန်မာ့ မီးရထားဝန်ကြီး ဌာန၏ ညွှန်ကြားမှုဖြင့်ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ(သွားလာ၊ စီးပွား) တိုင်းတာဝန်ခံ(တိုင်းအမှတ်၆/၇)ရန်ကုန်တိုင်းဒေသကြီးတို့၏ကြီးကြပ် ဆောင်ရွက်မှုတို့ဖြင့် ဖေဖော်ဝါရီ၎ရက် တွင်ကချင်ပြည်နယ်၊ချင်းပြည်နယ်မှခရစ်ယာန်ဘာသာဝင်များကို မြစ်ကြီးနားရန်ကုန်အထူးရထား ဖြင့်လည်း   ကောင်း၊  ဖေဖော်ဝါရီ၆ရက်တွင်ရန်ကုန်- ညောင်လေးပင်အထူးရထားဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ၉ရက် တွင်   ညောင်လေးပင်ရန်ကုန်အထူးရထားများဖြင့်လည်းကောင်း ပြေးဆွဲခဲ့ သကဲ့သို့ဖေဖော်ဝါရီ ၁၂ ရက် တွင်လည်းရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့အထူးရထားဖြင့်ဘုရားဖူးအပြန်ခရီးသွားများအတွက်အဆင်  ပြေစေ ရန်အတွက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ 

ယခင်နှစ် များက မြန်မာ့မီးရထားအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် အထူးရထား များပြေးဆွဲပေးခဲ့ ၍ အနယ်နယ်အရပ်ရပ်မှ လုဒ်မယ်တော်သခင်မ ဝတ်ပြုဆုတောင်းပွဲ ကျင်းပရေး ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်များ နှင့်ဆုတောင်းပွဲလာ ခရစ်ယာန်ဘာသာ ဝင်ခရီးသွားများနှင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့ကြောင်း နိုင်ငံတော်နှင့် မြန်မာ့မီးရထား ဝန်ကြီးဌာနနှင့်တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများကိုအထူးကျေးဇူးတင်ဝမ်းသာပါကြောင်းနှင့် နောင်ကိုလည်းယခုကဲ့သို့အထူးရထားများ ပြေးဆွဲ   ပေးနို င် ပါရန် ဆန္ဒပြုပါကြောင်း ခရစ်ယာန်ဘာသာဝင်များကရင်ဖွင့်စကားပြောကြားခဲ့ကြောင်းသိရသည်။

No comments:

Post a Comment