Thursday, February 13, 2014

ခိုင်းနွား ၊ နွားသိုးအလှနှင့် နို့စားနွားများ ပြပွဲပြိုင်ပွဲကျင်းပ

14 Feb 2014

 ၂၀၁၄ ခုနှစ် ဒုတိယအကြိမ်မြောက် ခိုင်းနွား၊ နွားသိုး အလှနှင့်နို့စားနွား များ ပြပွဲပြိုင်ပွဲကို ဖေဖော်ဝါရီ၁၁ ရက် နံနက် ၈ နာရီက အမရပူရမြို့နယ် မန္တလေး-ရန်ကုန် ကားလမ်းဘေးရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်း၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကြီးမှူး၍  မျိုးကောင်းမျိုးသန့် နွားမျိုးများ၏ မျိုးရိုးဗီဇများ ထိန်းသိမ်းနိုင်ရန်နို့စားနွား မျိုးကောင်း မျိုးသန့်များပေါ်
 ထွက်လာပြီး နွားနို့ထုတ် လုပ်မှုမြင့်မားလာစေခြင်းမှ ပြည်သူလူထုနို့နှင့်   နို့ထွက်ပစ္စည်းများ တိုးမြှင့် စားသုံး နိုင်ရန်နှင့် အခြေခံ  ပညာကျောင်းများတွင်နို့တိုက်ကျွေးရေး  အစီအစဉ်ကိုအထောက်အကူပြုစေရန်၊  ခိုင်းနွား မျိုးကောင်း မျိုးသန့်နွားများစွာရှိကြောင်းမွေးမြူသူများသာမက ပြည်သူလူထုသိရှိစေရန်    စိတ်ပါဝင်စားလာစေ ရန်နှင့် နွားမွေးမြူရေးစနစ်တကျဆောင်ရွက်   လာနိုင်ပြီး   တရားဝင်နည်း လမ်းများဖြင့် မြန်မာ့ နွားဈေးကွက်   နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့်ပြပွဲပြိုင်ပွဲကို   ကျင်းပ ဆောင်ရွက် ခဲ့ပါသည်။

 ပြိုင်ပွဲဝင် မြန်မာ့နွားသိုး ၄၈ကောင်၊ နို့စားနွားမ ၃၂ ကောင် စုစုပေါင်း နွားအကောင် ၈၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခိုင်းနွား အကဲဖြတ်အမှတ်ပေးဒိုင် ၁၀ ဦး၊ နို့စားနွား အကဲဖြတ်အမှတ်ပေးဒိုင် ၁၀ ဦး၊ ခိုင်းနွားနှင့်နို့စားနွားများ ဒိုင်ချုပ် အဖွဲ့ ငါးဦးစီး တို့က ကိုယ်အနေအထား အချိုးအစားကျနမှု၊ နို့စားနွား၏ သွင်ပြင်လက္ခဏာများ ပြည့်စုံမှု ၊ ခန္ဓာကိုယ်ကြီးထွား ကျယ်ပြန့်မှု၊ ခြေနှင့်လက်အနေအထားနှင့် နို့အုံအနေအထား မှန်ကန်ကောင်းမွန်မှု၊ နို့ထွက်နှုန်း၊ နွားမကြီး၏ အသက် ၊နွားလေးအသက်၊ နွား၏သွင်ပြင်လက္ခဏာ၊ နို့အရည်အသွေး၊ ဦးခေါင်းပိုင်း၊ ခန္ဓာကိုယ် အလယ်ပိုင်း၊ ခန္ဓာကိုယ်နောက်ပိုင်း၊ နို့စားနွား အနေအထားသွင်ပြင်လက္ခဏာ ပြည့်စုံမှု စသည့်သတ်မှတ် စည်းကမ်းများနှင့် အညီအကဲဖြတ်စိစစ်အမှတ်ပေး ရွေးချယ်ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲ ခိုင်းနွားအလှ၊ နို့စားနွားပြိုင်ပွဲတို့တွင် ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်း၊ တတိယဆု ငွေကျပ် တစ်သိန်း၊ နှစ်သိမ့်ဆု နှစ်ဆုစီ အတွက် ငွေကျပ် ငါးသောင်းစီတို့ ကိုဖေဖော်ဝါရီ ၁၂ ရက်က ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment